Chapter-1 (Part 1)

6.7K 762 23
                                    

UNICODE

(ပထမပိုင်း)

တာ့ရှိုးမင်းဆက်၏ ၁၈ယောက်မြောက် ဧကရာဇ်မင်းသည် တိုင်းပြည်ကို တရားမျှတစွာ အုပ်ချုပ်လာခဲ့သည်မှာ ၁၂နှစ်တိုင်ခဲ့ချေပြီ။

နန်းတော်ရှိ တရားစီရင်ရေးခန်းမဆောင်ကြီးထဲတွင် ရာထူးကြီးမားသည့် အရာရှိတစ်စုသည် အခြားအရာရှိတစ်ဦး၏ လာဘ်စားခြင်းအတွက် အမှုစွဲဆိုထားသည်များကို အစီရင်ခံတင်ပြလျက်ရှိပြီးဖြစ်သည်။ ထို့နောက် သလွန်ပေါ်တွင် မိန့်မိန့်ကြီးထိုင်နေသည့် ဧကရာဇ်မင်း၏ နောက်ဆုံးစီရင်ချက်ကို စောင့်ဆိုင်းနေကြ၏။ များမကြာမီတွင် အခြားဌာနမှ အရာရှိအုပ်စုတစ်စုသည် ၎င်းတို့ခစားလျက်ရှိသော နေရာများမှ ရှေ့သို့လှမ်းလာပြီး ထိုအမှုအတွက် ပြန်လည်သုံးသပ်ပေးတော်မူပါရန် အသနားခံလာကြတော့သည်။ ပြစ်ဒဏ်ကျရောက်တော့မည့် အရာရှိမှာ သူ၏ဘ၀သက်တမ်းတစ်လျှောက် တိုင်းပြည်ကောင်းကျိုးကိုသာ မျှော်ကိုးပြီး အမှုထမ်းခဲ့ကြောင်း၊ အားထုတ်ကြိုးပမ်းပေးခဲ့သည်များကို ထည့်သွင်းစဥ်းစားသင့်ကြောင်း၊ ခဏတာ စိတ်ယိမ်းယိုင်သွားခြင်းကြောင့်သာ ထိုပြစ်မှုကို ကျူးလွန်မိပါကြောင်း စသည်ဖြင့် စာနာထောက်ထားပေးပါရန် လျှောက်တင်လာကြတော့သည်။

အတိုချုပ်ပြောရမည်ဆိုလျှင် ထိုကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်နေရခြင်းမှာ အမှုစွဲဆိုခံထားရသော ခပ်၀၀အရာရှိတစ်ဦးကြောင့်ပင်။ ၎င်းသည် ခွေလျက်သား ဒူးထောက်၍နေစဥ် တစ်ဖက်ရှိ အရာရှိ၀န်ကြီးများက ထို၀တုတ်အား ခြေထောက်ဖြင့် ရိုးရိုးကန်ရမလား နုပ်နုပ်စင်းပြီး ဒယ်ပြားထဲထည့်ကြော်ရမလား စသည်ဖြင့် တိုင်ပင်နေကြ၏။

နှစ်ဖက်မှ အရာရှိများ ပြောသမျှစကားတိုင်းကို တစ်ခွန်းမကျန် ခေါင်းလိုက်ညိတ်နေသူသည်ကား နောက်ဆုံးတန်း၌ ခစားနေသည့် လီချင်းပင်။ မည်သည့်ဘက်အား ထောက်ခံကြောင်း မည်သူမျှမသိသော်ငြား သူ့ပုံစံကို ကြည့်ရသည်မှာ လူတိုင်းပြောသမျှစကားများကို သဘောတူလက်ခံသည့်ပုံပင်။

တရားစွဲဆိုခံထားရသူမှာ နောက်ဆုံး၌ မျက်ရည်လေးတစမ်းစမ်းဖြင့် သူ၏ ရိုးသားမှုအတွက် အသနားခံလာတော့သည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now