Chapter-7 (Part 3)

2.2K 376 0
                                    

UNICODE

(တတိယပိုင်း)

🚨Warning : Sexual content alerts. Read at your own risk.🚨

လီချုံးချင်းဖြစ်သူမှာတော့ သလွန်တော်ထက်၌ သက်သောင့်သက်သာရှိစွာဖြင့် အိပ်စက်အနားယူနေဆဲ။ စုန့်ယွိလည်း လီချင်းအိပ်ရေးမဝမည်စိုးသောကြောင့် သလွန်ဘေးဖက်ခြမ်းလေး၌ တိတ်တဆိတ်ထိုင်ကာ သာမန်ကြည့်ပျော်ရှုပျော်မျှသာရှိသည့် မျက်နှာလေးအား ငေးမောကြည့်နေမိသည်။ အကြင်သူ၏ နှုတ်ခမ်းသားလေးများမှာ စတွေ့စဥ်ကာလတုန်းကအတိုင်း နွေဦးပန်းရိုင်းလေးကဲ့သို့ လန်းဆန်းနေမြဲ။

စုန့်ယွိမှာ မနက်ကတည်းက တော်တော်လေး စိတ်ရှည်သည်းခံခဲ့ပြီးပြီ ဖြစ်၏။ လီချင်းရှိသည့် အခမ်းအနားရေးရာဌာနသို့ သွားရောက်ကာ ဆွဲမခေါ်လာမိစေရန် မိမိကိုယ်မိမိ ကြိုးစားပမ်းစား စိတ်ခိုင်ခိုင်ထားခဲ့ရသည်။ လီချင်း၏ နှလုံးသားလေး ကိုယ်တိုင်ကိုယ်ကျ ဖွင့်ဟလာဖို့ အချိန်ယူရဦးမည် မဟုတ်ပါလား။ အမျိုးသားနှစ်ဦး ကူးလူးဆက်ဆံရာ၌ သိသင့်သိထိုက်သော အချက်အလက်များ၊ ကြိုတင်ပြင်ဆင်ရမည်များ ကိုလည်း တော်ဝင်သမားတော်ကြီးအား တကူးတက ဆင့်ခေါ်ကာ မေးမြန်းခဲ့ပြီးဖြစ်၏။ ထိုကဲ့သို့ လိင်မဆက်ဆံမီ တစ်ဖက်သားအတွက် လေးလေးချင့်ချင့် ထောက်ထားစဥ်းစားပေးခြင်းမျိုး ယခင်က တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပါချေ။ သူ၏ ကိုယ်လုပ်တော်များကိုလည်း ထိုကဲ့သို့ မစာနာဖူးပေ။ ယခုအခါတွင်မှ ယောက်ျားလေးတစ်ဦးအပေါ် ဤကဲ့သို့ ဂရုစိုက်မိနေခြင်းအပေါ် စုန့်ယွိလည်း မိမိကိုယ်မိမိ စိမ်းကားနေမိသည်။ သူ၏ နှလုံးသားလေးမှာ ထိုမျှလောက်အထိ ပျော့ပျောင်းသွားလိမ့်မည်ဟု မထင်ထားခဲ့ချေ။

စုန့်ယွိသည် ကိုယ်ကို ညွတ်ကိုင်းလိုက်ကာ လီချင်း၏ နှုတ်ခမ်းအား ကြင်နာစွာဖြင့် နမ်းရှိုက်လိုက်၏။ ထို့နောက်တွင်တော့ လီချင်း၏ နားဖျားလေးနားကပ်သွားကာ တိုးညင်းစွာ စနောက်ကျီစယ်လိုက်သည်။

"လီချုံးချင်း.. နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်နော်။ အခုအချိန်ထိ မထသေးရင်တော့ ကိုယ်တော် မင်းရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ တင်ပါးလေးကို ဘာမှမလုပ်ဘဲ လွှတ်ပေးလိုက်တော့မယ်"

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now