Chapter-5 (Part 2)

2.2K 423 8
                                    

UNICODE

(ဒုတိယပိုင်း)

ဆောင်းဦးရောက်လေတိုင်း ဧကရာဇ်မင်း စုန့်ယွိသည် အရာရှိများနှင့်အတူ အမဲလိုက်ကာလအား ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲမြဲဖြစ်သည်။

လီချင်းအတွက်တော့ ဒုံရင်းက ဒုံရင်းပင်။ မြင်းစီးစွမ်းရည်မှာ တစ်စွန်းတစ်စမျှပင် တိုးတက်လာခြင်းမရှိသည့်အပြင် အမဲလိုက်ပြိုင်ပွဲမှလည်း လက်ဗလာဖြင့် ပြန်လာရဆဲဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်မင်းကိုယ်တိုင် ဧည့်ခံပေးသည့် အကောင်းဆုံး၊ အကြီးဆုံးအသားကိုဖြင့် နှစ်စဥ်နှစ်တိုင်း စားခွင့်ရသလို မှူးမတ်အရာရှိတို့၏ စပ်စပ်စုစုအကြည့်များကိုလည်း ခံယူရစမြဲဖြစ်သည်။

ထို့အပြင် ဆောင်းဦးအမဲလိုက်ပြီး ညသန်းခေါင်၌ သူနှင့်စုန့်ယွိမှာ ကျယ်ပြောလှသည့် ပရေရီမြက်ခင်းပြင်အလယ် ဆုံမိကြမြဲဖြစ်၏။ ဤတွေ့ဆုံမှုမျိုးက ချစ်သူနှစ်ဦး သန်းခေါင်ယံညအလယ် လျှို့​ဝှက်သော ကိုယ်ရေးကိုယ်တာချိန်းဆိုမှုနှင့်ပင် တူနေပေသေးသည်။ သူတို့နှစ်ဦးသည် ကြယ်ရောင်စုံတောက်ပနေသည့် ညဥ့်ယံကောင်းကင်ကြီးအောက်ဝယ် ကိုယ့်အကြောင်း၊ သူ့အကြောင်းမှအစ ဘေးအိမ်က ကြောင်မကြီး ကြောင်ဘယ်နှကောင်မွေးသည်အထိ ရောက်တတ်ရာရာ စကားစမြည်ပြောဆိုဖြစ်ကြ၏။ တစ်ခါတစ်ရံဆိုလျှင် မည်သည့်စကားကိုမှ မပြောဆိုဖြစ်ကြဘဲ အဆုံးမရှိသော ကောင်းကင်ယံကို မော့ကြည့်ကာ ဆိတ်ငြိမ်နေကြလိမ့်မည်။ ဤသို့ အချင်းချင်း သက်သောင့်သက်သာရှိနေကြသည်ကလည်း ရင်းနှီးသည်ထက်ပိုလွန်သော စံသတ်မှတ်ချက်တစ်မျိုးပင် မဟုတ်ပါလား။ ဖြစ်နိုင်သည်ကတော့ မတော်တဆပင်ဖြစ်စေ၊ တမင်တကာပင်ဖြစ်စေ ဟိုလိုလို သည်လိုလို မရေရာသည့် ဒွိဟဖြစ်စေသော ခံစားမှုတစ်မျိုးက သူတို့နှစ်ဦးကြားတွင် အနည်ထိုင်လျက်ရှိနေပြီဖြစ်သည်။

ထို့အတွက်ကြောင့်ပင် လီချင်းက စုန့်ယွိနှင့် အကြည့်ချင်းဆုံမိလေတိုင်း မိမိကိုယ်မိမိ နောက်မီးလင်းနေသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ လိပ်ပြာမလုံသလို ခံစားလာရသည်။ ဤကဲ့သို့ စဥ်းစားမိတိုင်း အားပါးတရ ရယ်မောကာ အသံအကျယ်ကြီးအော်ပြောပစ်လိုက်ချင်သည်။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now