Chapter-9 (Part 1)

2K 358 0
                                    

UNICODE

(ပထမပိုင်း)

လီချင်းတစ်ယောက် မြို့တော်သို့ပြန်ရန် မြင်းလှည်းပေါ်သို့ ခုန်တက်လိုက်သည့်အချိန်မှာပင် သူနှင့် တိုင်းပြည်အရှင်တို့၏ ကောလဟာလများဟာ ပိုမို၍ ထိန်းမနိုင်သိမ်းမရ တောမီးသဖွယ် ဆင့်ကဲဆင့်ကဲ ပျံ့နှံ့လျက်ရှိ​၏။ အနှီအကြောင်းအရာအား မသိရှိသေးသည့် လူများကိုတော့ သိပြီးသားလူများက လက်ရှိရေပန်းစားနေသည့် ကိစ္စကိုပင် မသိရှိရကောင်းလားဟု လှောင်ပြောင်ရယ်မောကြမည်သာ။ အနှီသတင်းနှင့် ပတ်သက်ပြီး ကာရန်နံဘေတေးသွားပင် စပ်ဆိုခဲ့ကြပြီးဖြစ်သည်။

"ပျော်ရွှင်မှုနဲ့အတူ ဖူးပွင့်လာတဲ့ ပျိုနီပန်းလေး.. ကျေးဇူးကြွေးကို ဆပ်ဖို့ရာ ကောင်းကင်ဘုံက နတ်သက်ကြွေလာတဲ့ ပျိုနီပန်းလေး... ဂန္ဓာမာပန်းလေးလည်း ပျော်ရွှင်မှုနဲ့အတူ ဝေဆာခဲ့ပြန်သပေါ့... အိုး.. နတ်သမီးလေးက ဘယ်ဆီဘယ်ဝယ် ကြွမြန်းနေတယ်.. မင်းသားလေးကတော့ စောင့်မျှော်လျက်ရှိပါတယ်.. အခြားပန်းတွေတောင် တစ်ပွင့်ပြီးတစ်ပွင့် ဖူးပွင့်လာခဲ့ပေမဲ့လည်း.. နတ်သမီးလေးက ပြန်မလာသေးတော့တယ်.."

စာသားများက တဲ့တိုးကျကာ ပွင့်လင်းလှချေသည်။ တစ်ယောက်စကား တစ်ယောက်နားမှာဆိုသလို လမ်းသွယ်လေးမှတစ်ဆင့် လမ်းမကြီးသို့တစ်ဖန် အဆင့်ဆင့် ရောက်ရှိကာ လူတိုင်းလူတိုင်းက လျှာဖျားလေး၌ စွဲနေပါသကဲ့သို့ အလွယ်တကူ အလွတ်ရွတ်ဆိုနိုင်ကြ၏။ ကလေးငယ်လေးများမှာ ရိုးရိုးသားသား အပျော်တမ်းရွတ်ဆိုကြပြီး အရွယ်ရောက်ပြီးသူများကတော့ ဟိုလိုလို သည်လိုလို စပ်ဆိုကြသည်။ တာ့ရှိုးနယ်စပ်များ၌ပင် တိုင်းပြည်အရှင်နှင့် အခမ်းအနားရေးရာ လက်ထောက်ဝန်ကြီးတို့၏ သတင်းကြောင့် ပျော်ရွှင်ကြည်နူးတက်ကြွလျက်ရှိ၏။ တိုင်းပြည်တစ်ခွင်ဝယ် အထက်ဝန်ကြီးများမှအစ သာမန်အရပ်သားများအဆုံး ကောင်းကင်ဘုံကြီး တစ်ပတ်ကျွမ်းပစ်ထိုးသည်အထိ တက်တက်ကြွကြွ ပြောဆိုနေကြတော့သည်။ အခမ်းအနားရေးရာ လက်ထောက်ဝန်ကြီးလေးမှာ မြို့တော်သို့ ယခုထိတိုင် ပြန်မလာသေးချေ။ တိုင်းသူပြည်သားများမှာ ဧကရာဇ်ထက်ပင် လီချင်းအား စောင့်မျှော်လျက်ရှိနေကြသည်။ ကြီးမြတ်လှပါသော ဧကရာဇ်မင်းအား လက်ထောက်ဝန်ကြီးလေးက လှည့်စားကာ ထားပစ်ခဲ့လေပြီလားဟု တစိမ့်စိမ့်တွေးကာ စိုးရိမ်တကြီးဖြစ်နေကြ၏။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now