Chapter-4 (Part 1)

2.2K 450 1
                                    

UNICODE

(ပထမပိုင်း)

စုန့်ယွိမှာ ထိုနှစ်က နွေဦးစားသောက်ပွဲအကြောင်း ပြန်တွေးမိတိုင်း မျက်နှာထက်တွင် အပြုံးရိပ်များ မသန်းဘဲ မနေနိုင်ပါချေ။

တရုတ်နှင်းဆီခြုံပုတ်ကြားထဲမှ လူမှန်းသူမှန်းမသိအောင် မူးနေသော အမူးသမားယစ်ထုပ်လေး၊ လုပ်ကြံသူလက်ထဲ ကျရောက်သွားသော လေအိုးဓားစာခံလေး၊ နာကျင်လွန်းသော ဒဏ်ရာအတွက် ထိန်းမနိုင်သိမ်းမရ အော်ဟစ်ငိုယိုနေသော အာပြဲစိန် အငိုသန်လေး။ ဤသို့ ဤသို့ဖြင့် လီချုံးချင်း၏ ကွဲပြားခြားနားသော ဟန်ပန်အမူအရာ အကျင့်စရိုက်သုံးမျိုးအား တွေ့ဖူးမြင်ဖူးခဲ့ပြီးပြီ။ ခက်သည်က အနှီသုံးမျိုးစလုံးမှာ ထိန်းချုပ်မရနိုင်အောင် ချစ်စရာကောင်းလွန်းနေသည်။ "လီချုံးချင်း" ဟူသော လူသားမှာ ယောက်ျားလေးတစ်ဦးပင် ဖြစ်လင့်ကစား ထိုသူအား ပုံဖော်ကြည့်ပါက "ချစ်စရာကောင်းသော"ဟူသော စကားလုံးမှလွဲ၍ တခြားကိုက်ညီသော နာမဝိသေသန မရှိတော့ပါချေ။

"အင်းပါ အင်းပါ ဟုတ်ပါပြီ။ နောင်တော်ပြောတဲ့အတိုင်း အရာရှိလီက ချစ်ဖို့ကောင်းပါတယ်ဗျ။ သူအိပ်နေတဲ့အချိန်ဆိုလည်း ခွေးပေါက်လေးအတိုင်းပါပဲဗျ။ အာ... နေပါဦး။ ကျွန်တော် နောင်တော့်ဆီလာတာ အဲ့ဒီအကြောင်းပြောဖို့မှ မဟုတ်တာ။ နောင်တော်(၃).. နောင်တော် တကယ်ပဲ ညီတော်(၇)လက်ထဲကို ဝေ့ရှောင်မြောင်ကို ထည့်ပေးလိုက်တော့မှာလား"

စုန့်ရွှမ်က အထက်ပါအတိုင်း မေးမြန်းလိုက်သောအခါ စုန့်ယွိက ပြန်လည်ဖြေကြားလာ၏။

"ညီတော်(၇)ဆီမှာ နေမှာလား မနေဘူးလား ဆိုတာကတော့ ရှောင်မြောင့်သဘောဖြစ်သွားပြီ"

"အဲ့ဒါဆိုလည်း ဘာလို့ လီချင်းကိုပါ လွှတ်လိုက်တာလဲ"

"ငါ့အကြံနဲ့ ငါရှိလို့ပါ"

စုန့်ယွိမှာ ပြောသင့်မပြောသင့် သေချာစဥ်းစားနေခဲ့ပြီး စကားပြောရန် အချိန်အတော်ကြာ တွန့်ဆုတ်နေခဲ့သည်။ ခဏအကြာတွင်မှ နှုတ်မှ ဖွင့်ဟလာတော့၏။

"နောင်တော်၃... အခုတလောလေ.. ကျွန်တော် ကောလဟာလတွေကြားနေရတယ်။ အင်း... နောင်တော့်ကို ပြောလို့ ကောင်းရဲ့လားတောင် မသိတော့ဘူး"

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now