Chapter-4 (Part 3)

2.3K 419 9
                                    

UNICODE

(တတိယပိုင်း)

တည်ငြိမ်အေးချမ်းသောနေ့ရက်များ ကုန်ဆုံးသွားလေပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် နွေရာသီကုန်လွန်၍ ဆောင်းဦးကာလပင် ကျရောက်လို့လာခဲ့ချေပြီ။

တိုင်းပြည်တစ်ခုလုံး၏ ကိစ္စအဝဝကို စီမံကွပ်ကဲပေးနေရသည့် ဧကရာဇ်မင်း၏ ဝန်ထုပ်ဝန်ပိုးကြီးမှာ အခြားသူများထက် ပိုမိုလေးလံနေသည်ကတော့ အသေအချာပင်။ ထို့ကြောင့်လည်း တစ်ခါတစ်ရံ အလုပ်ဖိအားကို လျှော့ချကာ စိတ်ပြေလက်ပျောက်အနားယူနိုင်ရန် အပန်းဖြေစရာတစ်ခုခုလုပ်ဆောင်လေ့ရှိ၏။

ဤသည်မှာ ဧကရာဇ်မင်း၏စိတ်အပန်းဖြေလှုပ်ရှားမှုတစ်ခုဖြစ်သည့် အမဲလိုက်ခြင်းပင်။ စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေသည့်အပြင် သွေးပူလေ့ကျင့်ခန်းအရရော ခန္ဓာကိုယ်သန်စွမ်းစေရန်အတွက်ပါ အကျိုးပြုပေး၏။ ထိုကဲ့သို့ အမဲလိုက်ခြင်းအား ဆောင်းဦးကာလ၌ လုပ်ဆောင်မြဲဖြစ်သည်။

ဆောင်းဦးအမဲလိုက်ရာ၌ စုန့်ယွိက နန်းတော်မှ အရာရှိအချို့ကိုပါ လိုက်ပါစေခဲ့၏။ လီချုံးချင်းကတော့ မပါမဖြစ်ပေ။ ခေါ်ဆောင်ရသည့် အကြောင်းရင်းမှာ အရာရှိဝန်ကြီးများသည် ဆောင်းတွင်းအေးအေးလေး၌ ကိုယ်လက်လှုပ်ရှားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးကောင်းမွန်ပါမှသာ သူတို့သက်တမ်းတစ်လျှောက် တိုင်းပြည်တာဝန်အဝဝကို ဆထက်ထမ်းပိုး သယ်ပိုးထမ်းရွက်နိုင်ရန်ဟု ဆိုသည်။

လီချင်းမှာတော့ အစကတည်းက အားနည်းကာ ကိုယ်လက်လှုပ်ရှားသိပ်မလုပ်သူလည်းဖြစ်သည်။ အားအင် အပြည့်အဝဖြင့် မြင်းကို ဒုန်းစိုင်းစီးကာ တောထဲဝင် အမဲလိုက်ရန် မဆိုထားနှင့်။ မွေးကတည်းက ကြက်တစ်ကောင်ကိုပင် ဖြစ်ဖြစ်မြောက်မြောက် သတ်ဖူးသူ မဟုတ်ပေ။ ယခုအခါတွင်တော့ လေးနှင့်မြားကိုပင် အနိုင်နိုင်သယ်နေရပြီး မြင်းအား ဟန်ချက်မပျက်စေရန် သတိကြီးစွာထား၍ စီးနေရသည်။ ထို့အပြင် နွေဦးတော်ဝင်စားသောက်ပွဲ၌ ထိခိုက်ခဲ့သော ပခုံးဒဏ်ရာမှာ ရာသီဥတုအပြောင်းအလဲ၌ တစ်ဖန်ကိုက်ခဲလာရပြန်၏။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now