Chapter-7 (Part 1)

2.1K 382 28
                                    

UNICODE

(ပထမပိုင်း)

လူတိုင်း၏ ရင်ထဲတွင်တော့ ထာဝစဥ် သိမ်းဆည်းမထားနိုင်သည့် ကောလဟာလအတင်းသတင်းများ အပြည့်ရှိနေတတ်ကြသည်။

"တတိယအဆင့်အရာရှိကျန်းရေ.. ကျွန်တော် ခင်ဗျားကို လျှို့ဝှက်ချက်တစ်ခုပြောစရာရှိတယ်။ သူများတွေနားထဲရောက်သွားရင် ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ခေါင်းတွေ ပြတ်ပြီပဲ။ ကျွန်တော်လည်း သူများဆီက ကြားလာတာဆိုတော့ ဟုတ်လား၊ မဟုတ်လား မသေချာဘူးရယ်။ ကျွန်တော်ကြားထားတာကလေ.. ဧကရာဇ်မင်းနဲ့ အခမ်းအနားရေးရာလက်ထောက်ဝန်ကြီးတို့က ကြိုက်နေကြတာဆိုပဲ။ ရှူး....ဘယ်သူ့မှ သွားမပြောရဘူးနော်။"

"ဟာ.. ခင်ဗျားဟာက သေချာရဲ့လားဗျ။ စိတ်ချလိုက်စမ်းပါ။ ကျုပ်လည်း သူများအတင်းတွေ အားအားယားယား လိုက်ပြောနေတဲ့သူမှ မဟုတ်ဘဲ။"

"ဟေ့ ဟေ့ ပဉ္စမအဆင့် အရာရှိလျို.. ကြားပြီးပြီလား။ စတုတ္ထအဆင့်အရာရှိလီဆီကနေ လန့်ဖျပ်စရာ သတင်းတစ်ပုဒ်ကြားလာတယ်ဗျ။ ခင်ဗျားနဲ့ ကျုပ်နဲ့က အိမ်နီးချင်းတွေဖြစ်နေတာလည်း တော်တော်ကြာပြီဆိုတော့ အရဲစွန့်ပြီး ပြောပြလိုက်မယ်နော်။ ပါးစပ်တော့ လျှောက်မဖွာနဲ့နော်။ ဖွာရင် ခင်ဗျားလျှာကြီးတော့ ဆွဲဖြုတ်ခံရပြီပဲ။"

"ဒေါ်ကြီး ချန်ယောင်ရေ.. တတိယအဆင့်အရာရှိ ကျန်းဆီက အခုလေးတင်ပဲ ကြားလာတာဗျ။ တကယ့်ကို မယုံနိုင်စရာကြီးဗျာ။ ကျွန်တော့်ကို ကြက်သွန်နီအလုံးကြီးကြီးလေးတွေ အပိုထည့်ပေးရင် ဒေါ်ကြီးကို အကုန်ပြောပြမယ်။"

"အောင်မယ်.. မင်း ပြောပြစရာတောင် မလိုတော့ဘူး။ တိုင်းပြည်အရှင်နဲ့ အခမ်းအနားရေးရာလက်ထောက်ဝန်ကြီးတို့ အကြောင်းမလား။ အိမ်ရှင်မတွေက မင်းတို့ထက် ပိုသိတယ်ဟဲ့။ မင်း ငါ့ဆီက မုန်လာဥဖြူတွေ ထပ်ဝယ်မယ်ဆိုရင် မင်းတစ်ခါမှ မကြားဖူးသေးတဲ့ အကြောင်းတွေ ပြောပြပေးမယ်။ ဘယ်သူ့ကိုမှတော့ သွားပြောမနေနဲ့ပေါ့အေ။ မဟုတ်ရင်တော့ နောက်နေ့ မင်းကိုလာဖမ်းပြီး ဝက်စာကျွေးခံနေရလိမ့်မယ်"

တိုင်းပြည်အတွင်း အတင်းအဖျင်းများနှင့် ကောလဟာလသတင်းများမှာ ဟိုဟိုသည်သည် လေလွင့်လျက်ရှိနေတော့၏။

ပျိုနီရေးတဲ့တမ်းချင်းတစ်ပုဒ်{Completed}Where stories live. Discover now