Uno

6.8K 420 61
                                    

Unicode

Me has robado el corazón.
မင်းကငါ့နှလုံးသားကိုခိုးယူသွားတဲ့သူ။










နီညိုရောင်ကောင်းကင်ကြီးအောက်က တစ်ခုသောညနေခင်းမှာ လူတွေပျားပန်းခတ်လှုပ်ရှားသွားလာနေတဲ့ လမ်းမကျယ်ကြီး။

ဗရမ်းဗတာတိုက်ခက်နေတဲ့လေပြေညှင်းက မကြာခင်မှာပိုပြီးကြမ်းတမ်းလာမဲ့အရိပ်အယောင်ကိုဆောင်နေသယောင်။

မကြာခင်ရွာချတော့မဲ့မိုးနဲ့အတူ ပတ်ဝန်းကျင်ကအရာအားလုံးကအုံ့အုံမှိုင်းမှိုင်း ညို့ညို့ဆိုင်းဆိုင်း။

လမ်းမကြီးဘေးမှာတည်ရှိတဲ့ နာရေးခန်းမအဆောက်အအုံကြီးထဲကနေ ထွက်လာတဲ့ကောင်လေးရဲ့ ခန္ဓာကိုယ်မှာ ခေါင်းအစခြေအဆုံးအနက်ရောင်တွေဖုံးလွှမ်းနေခဲ့သည်။

ဟင်းခနဲသက်ပြင်းရှည်တစ်ခုကိုချကာ ကောင်းကင်ကိုမော့ကြည့်လိုက်ပြီးနောက် တိုးတိုးလေးရေရွတ်မိသည်။


"ဖေဖေ သားလုပ်နိုင်ပါ့မလား"

၂ရက်လုံးလုံးနာရေးခန်းမမှာပဲ အချိန်ကုန်ခဲ့တာမို့ လူတစ်ကိုယ်လုံးလည်း နုံးချိကာအားအင်မရှိတော့။




ရှေ့ဆက်ပြီးဘာတွေဖြစ်ဦးမှာလဲ။

တွေးမိတော့ ဂျယ်ယွန်းတစ်ယောက် သက်ပြင်းအကြိမ်ကြိမ်ချမိသည်။



ငယ်ငယ်တည်းကအမေမရှိခဲ့တာမို့ ဖေဖေကသာ သူ့ရဲ့အရာရာဖြစ်ခဲ့တာ။

မိတဆိုးလေးဖြစ်တာကြောင့် ဖေဖေကိုယ်တိုင်ကလည်း ဂျယ်ယွန်းကို အထူးဂရုစိုက်ပြီးချစ်ခင်ပေးခဲ့သည်။

အဖေတစ်ခုသားတစ်ခုဘဝမို့ ဂျယ်ယွန်းကသာ ဖေဖေ့ရဲ့အရာရာ။

ဒီသားငယ်လေးတစ်ယောက်တည်းအတွက်သာကြည့်တတ်တဲ့ဖေဖေက နောက်အိမ်ထောင်တောင်မပြုဘဲ သူ့ဘဝကို စီးပွားရေးမှာမြှုပ်နှံထားခဲ့သည်။

Se Mio | HEEJAKE✅Opowieści tętniące życiem. Odkryj je teraz