Catorce

2.2K 301 70
                                    

Unicode

Obsesiòn
အစွဲအလမ်း









မျက်လုံးမဖွင့်ခင်မှာတင် ခံစားနေရတာက တစ်ဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်း။

အားယူကာကုန်းထပြီးတဲ့နောက် တဒိန်းဒိန်းဖြစ်နေတဲ့နားထင်ကိုသာ ခပ်တင်းတင်းဖိကိုင်ထားမိသည်။

မနေ့ညက ဘယ်လောက်တောင် သောက်ခဲ့မိလို့လဲ။

တွေးမိတော့ ကျင်တက်လာတဲ့ရင်ထဲကပါ တဆစ်ဆစ်။





ဒါနဲ့ ဘယ်လိုဖြစ်ပြီး အိမ်ကိုပြန်ရောက်လာတာလဲ။

သတိဝင်ပြီး ဘေးဘီကိုကြည့်မိတော့ သူ့အိမ်ကအခန်းထဲကအိပ်ရာပေါ်မှာ။

ညအိပ်ဝတ်စုံကိုဝတ်လျက်။




Partyကနေ ဘယ်လိုလုပ်ပြီးအိမ်ပြန်ရောက်လာတာလဲဆိုတာကို အဖြေရှာတော့ ဘာမှထွက်မလာတဲ့ဦးနှောက်ဟာ ဗလာကျင်းနေသလိုမျိုး။

အတွင်းရေးမှူးကင်မ်တောင်မပါဘဲ တစ်ယောက်တည်းသွားခဲ့တာကို။

ဘယ်လိုပဲစဉ်းစားစဉ်းစား မှတ်ဉာဏ်ဟာ တစ်ခွက်ပြီးတစ်ခွက်မသောက်မိခင်အချိန် မြင်ခဲ့ရတဲ့ မြင်ကွင်းကလွန်ပြီး တခြားဘာဆိုဘာမှပေါ်မလာတော့။




ကိုက်ခဲနေဆဲ ခေါင်းကိုဖိကိုင်မိတုန်း အပြင်ဘက်ကနေ အသံတစ်ခုခုကြားသလိုလိုဖြစ်တော့

"အိမ်မှာတစ်ယောက်ယောက်ရှိနေတာလား?"


တရွေ့ရွေ့နဲ့ အားယူပြီး အခန်းထဲကထွက်ခဲ့မိသည်။









ထမင်းစားခန်းထဲရောက်တဲ့အခါ ရင်းနှီးတဲ့နောက်ကျောပြင်တစ်ခုကိုတွေ့လိုက်ရတော့ ရင်ထဲမှာဒိတ်ခနဲ။



"ဒီ-ဒီမှာ ဘာလုပ်နေတာလဲ"

သူ့အသံကြားတော့ လှည့်ကြည့်လာတဲ့သူဟာ အရင်ကသူမြင်ဖူးနေကြအတိုင်း မနက်စောစောမှာလည်းချောမောနေဆဲ။



















"နိုးပြီလား ခေါင်းကိုက်နေမယ်ထင်လို့ ဒီမှာ ကိုယ်အမူးပြေဟင်းရည်လုပ်ပေးထားတယ် တစ်ခါတည်းမနက်စာစားလိုက်"



Se Mio | HEEJAKE✅Where stories live. Discover now