Cuatro

2.6K 350 34
                                    

Unicode


¿Puede realmente el tiempo cambiar algo?
အချိန်က တကယ်ပဲ အရာရာကိုပြောင်းလဲပစ်နိုင်လား?











"သခင်လေး သွားလို့မရပါဘူး"


"ငါ့ဘာငါ ငါ့ခြေထောက်နဲ့ငါသွားမှာ မင်းတို့ကိုတက်နင်းနေလို့လား အခုချက်ချင်း ဖယ်"


"သခင်လေးမရပါဘူး ဥက္ကဌကြီးက သခင်လေးကို ထွက်ခွင့်မပြုရဘူးလို့မှာထားလို့ပါ"


"အဲဒီလူစကားကိုပဲ နားထောင်တတ်တာလား ငါလည်းမင်းတို့ကို အလုပ်ထုတ်လိုက်လို့ရတယ်ဆိုတာသိလား"


"တောင်းပန်ပါတယ် ကျွန်တော်တို့ ဥက္ကဌကြီးပြောတဲ့အတိုင်းလုပ်ရမှာမို့ပါ"






ခြံရှေ့မှာ ဆွဲလားရမ်းလား ဆူဆူညံညံတွေဖြစ်နေတာ အတန်ကြာပြီ။


ကြားလို့ရော ကောင်းသေးရဲ့လား

ကိုယ့်ခြေထောက်နဲ့တောင် အပြင်ထွက်လို့မရဘူးဆိုတာ။







"ဒါဆို မင်းတို့နှစ်ယောက်လုံး ဒီနေ့ကစပြီး အလုပ်နားလို့ရပြီ အတွင်းရေးမှူးဂင်မ်ဆိီမှာ နစ်နာကြေးသွားတောင်းလိုက်"



ရုတ်တရက် အနောက်ကနေထွက်ပေါ်လာတဲ့အသံအဆုံးမှာ ရုတ်ရုတ်သဲသဲအခြေအနေက ချက်ချင်းရပ်တံ့သွားသည်။




"ဒါ-ဒါပေမဲ့"


"သွားတော့ မြန်မြန်"


မလွှန်ဆန်နိုင်တဲ့ပုံနဲ့ အရိုအသေပြုကာ ထွက်သွားကြသော အစောင့်၂ယောက်ရဲ့နောက်ကျောပြင်တွေကိုကြည့်ရင်း ဂျယ်ယွန်းအံ့ဩနေမိပြန်သည်။



"ခင်ဗျားရူးနေတာလား အလကားနေရင်းဘာလို့အလုပ်ထုတ်လိုက်တာလဲ"


"ယွန်းလေးပဲ ထုတ်မယ်ဆိုလို့လေ"


"အဲ့တာစကားအဖြစ်ပြောတာလေ တကယ်ထုတ်ခိုင်းတာမှမဟုတ်တာ ကျွတ်စ် ထားပါတော့ ခင်ဗျားဘာသာ ဘာလုပ်လုပ် စိတ်မဝင်စားဘူး ကျွန်တော် အပြင်သွားဦးမယ်"


"မရဘူး ဂျယ်ယွန်း သွားလို့မရဘူး"


"ဘာလို့လဲ ကိုယ့်ဘာသာတောင်အပြင်သွားခွင့်မရှိတော့ဘူးလား"



Se Mio | HEEJAKE✅Where stories live. Discover now