Once

1.9K 301 54
                                    

Unicode


"Siempre eres tú
အမြဲတမ်း မင်း"








မျက်လုံးပွင့်လာတဲ့မနက်ခင်းဟာ အရင်ကနဲ့မတူဘဲ တစ်ခုခုလစ်ဟင်းသလိုခံစားနေရပြန်သည်။

၃ လတိုင်ခဲ့ပြီဆိုပေမဲ့ ကျင့်သားမရသေးတဲ့သူ့အတွက် မနက်ခင်းတိုင်းတမ်းတမိတဲ့အရာကနွေးထွေးမှု။



အရင်က မတောင်းဆိုဘဲရှိနေပေးခဲ့သည့်ရင်ခွင်တစ်ခု။

အချိန်တိုင်း သူ့တစ်ယောက်တည်းအတွက် အဆင်သင့်ရှိနေခဲ့တဲ့ရင်ခွင်တစ်ခု။

မလွမ်းမိဘူးပြောရင် သေချာပေါက်ဂျယ်ယွန်းလိမ်နေတာဖြစ်မည်။




လောကကြီးမှာအားကိုးစရာမရှိတော့ပဲ ရုတ်တရက်တစ်ကောင်ကြွက်ဖြစ်သွားတဲ့အချိန်မှာ ခွင့်မတောင်းပဲ သူ့ဘဝထဲအရိုင်းဆန်ဆန်ဝင်ရောက်လာခဲ့သည့် လူတစ်ယောက်

အနားမှာမရှိတော့တဲ့အချိန်မှာ ရင်ထဲကလစ်ဟာမှုဟာ အရာရာတိုင်းထက်ကို သိသာလွန်းနေခဲ့သည်။



အဲဒီအိမ်ကနေ ထွက်လာပြီး အရင်ဖေဖေနဲ့အတူနေခဲ့သည့်အိမ်ဆီကို ပြန်လာသည့်နေ့ကစလို့
၃လလုံးလုံး ဖုန်းတစ်ချက်တောင်မဆက်၊ messageလေးတစ်ခုတောင် မပို့သည့်သူက ထင်ထားတာထက်ကို ပိုပြီးပြတ်သားလွန်းနေခဲ့တဲ့အခါ

မမျှော်လင့်ဘဲ နာကျင်ရတာက ဂျယ်ယွန်းကိုယ်တိုင်ဖြစ်ရပြန်သည်။




ဒီလူကိုသူလွမ်းနေမိသလို အဲ့ဒီလူကရော သူ့ကိုသတိရနေပါ့မလား။

တွေးမိတော့ မရေရာမှုတွေနဲ့အတူ ရင်ထဲတဆစ်ဆစ်။






အိပ်ရာထဲမှာအတွေးလွန်ကာငိုင်နေမိတုန်း မြည်လာသည့်ဖုန်းသံကြောင့် ကောက်ယူကြည့်မိတော့ မျက်နှာပြင်မှာပေါ်နေသည့် နာမည်က

ပတ်ဆောင်းဟွန်း။



အဲဒီနေ့အဲ့ကိစ္စဖြစ်ပြီးကတည်းက အဆက်အသွယ်မရခဲ့တာဖြစ်သည်။

သိပ်ကြာကြာဝေးဝေးမစဉ်းစားနေတော့ဘဲ ကိုင်လိုက်တော့


Se Mio | HEEJAKE✅حيث تعيش القصص. اكتشف الآن