Trece

2.2K 295 149
                                    

Unicode


"Te amo mucho
အများကြီးချစ်တာ"











"သခင်လေး မီဆောင်း လုပ်ငန်းစုက လုပ်တဲ့ partyကိုသွားမယ်မဟုတ်လား"



စနေနေ့ဆိုပေမဲ့ ဂျယ်ယွန်းတို့အိမ်အထိလိုက်လာပြီး မပြီးပြတ်သေးတဲ့အလုပ်ကိစ္စတွေကို အတူလုပ်စရာရှိတာလုပ်၊ သင်ပေးစရာရှိတာသင်ပေးနေရင်း အတွင်းရေးမှူးကင်မ်က ဆိုလာသည်။




"သခင်လေးသွားသင့်တယ် လုပ်ငန်းရှင်ကြီးတွေတော်တော်များများကိုပါ ဖိတ်ထားတဲ့ပွဲမို့ ကိုယ့်လုပ်ငန်းအတွက်ရော အလုပ်သဘောအနေနဲ့ဆိုရင်တောင် မသွားလို့မဖြစ်တဲ့ပွဲမျိုးပါ"


နဂိုတည်းက လူများတဲ့နေရာတွေ ပွဲလမ်းသဘင်တွေကိုသွားရတာ မကြိုက်တတ်တဲ့အပြင်
တစ်ပတ်လုံးအလုပ်နဲ့ စိတ်ပင်ပန်းလူပင်ပန်းဖြစ်ထားလို့ နားချင်နေပုံပေါက်တဲ့ ဂျယ်ယွန်းကို အတွင်းရေးမှူးကင်မ်က အကျိုးသင့်အကြောင်းသင့်ရှင်းပြလာသည်။



"တကယ် မသွားလို့မဖြစ်ဘူးပေါ့"

မျက်ခုံးလေးပင့်ကာမေးလာသည့် ဂျယ်ယွန်းဟာ လုပ်ငန်းကြီးတစ်ခုကိုဦးစီးနေသည့် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦးလို့ထင်မှတ်စရာလုံးဝမရှိ။

နူးညံ့လွန်းတဲ့ကောင်လေးဟာ ဘဝရဲ့တောင်းဆိုချက်အရ ကလေးဆန်ဆန်ပုံရိပ်တွေကို ရုတ်သိမ်းကာ တစ်ယောက်တည်း လောကကြီးကို ကျားကန်နေရကြောင်း အတွင်းရေးမှူးကင်မ်က သေသေချာချာနားလည်နေခဲ့သည်။

နားလည်ဆို ဂျယ်ယွန်းရဲ့ဘဝတစ်ဝက်လောက်ဟာ အတွင်းရေးမှူးကင်မ်ရဲ့ရှေ့မှာပဲ အရွယ်ရောက်ကြီးပြင်းလာခဲ့ရသည်ပဲလေ။



အရင်ဥက္ကဌရှင်းမ်လက်ထက်ကတည်းက ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အလုပ်လုပ်ပေးခဲ့သော အတွင်းရေးမှူးကင်မ်အတွက်တော့ ဂျယ်ယွန်းဟာ တူအရင်းလေးတစ်ယောက်လိုမျိုး။





"မသွားလို့မဖြစ်တာတော့မဟုတ်ပေမဲ့ သွားသင့်တယ်လို့ပြောတာပါ သခင်လေး"


အလိုမကျဟန်နဲ့နှုတ်ခမ်းလေးကိုဆူကာ သက်ပြင်းချလိုက်တဲ့ကောင်လေးဟာ အိမ်စာမလုပ်ချင်လို့ဂျစ်တိုက်ချင်နေတဲ့ မူလတန်းအရွယ်ကလေးငယ်သဖွယ်။





Se Mio | HEEJAKE✅Where stories live. Discover now