Ocho

2.4K 305 24
                                    

Unicode

Razón para sobrevivir
ရှင်သန်ကျန်ရစ်စေတဲ့ အကြောင်းအရင်း












တစိမ့်စိမ့်နဲ့ဆွေတတ်သော မိုးရာသီကထင်ထားတာထက်ပိုပြီးမြန်မြန်ဆန်ဆန် ချဉ်းနင်းလာခဲ့တော့
အပြင်လောကတစ်ခုလုံးမှာ နေရောင်ခြည်က အားနည်းဖျော့တော့စွာ။


အုံ့အုံ့မှိုင်းမှိုင်းကောင်းကင်နဲ့အတူ မကြည်လင်နိုင်တဲ့စိတ်တွေနဲ့ Heeseungတစ်ယောက်ကတော့ ရုံးခန်းထဲက ဖိုင်အထပ်ထပ်တွေကြားမှာ နစ်မြုပ်နေခဲ့တာ ဘယ်တုန်းကတည်းကမှန်း မသိတော့။




တစ်စိမ့်စိမ့်သွန်းဖြိုးနေတဲ့မိုးရေစက်တွေကို ပြတင်းပေါက်ကနေတစ်ဆင့်လေးတောင် လှည့်မကြည့်နိုင်လောက်အောင် သူ့မှာလုပ်စရာတာဝန်တွေကများပြားလွန်းနေခဲ့သည်။





ဒီနေ့အတွက်နောက်ဆုံးဖိုင်တစ်ခုကို ဖတ်ပြီး လက်မှတ်ထိုးကာ လက်စသတ်လိုက်ပြီးသည့်နောက် စားပွဲပေါ်က digital နာရီကိုကြည့်လိုက်တော့ ည8နာရီ။



တစ်လျှောက်လုံးလှည့်မကြည့်နိုင်ခဲ့သည့် ပြတင်းပေါက်ကိုကြည့်မိတော့ ပိန်းပိတ်အောင်အမှောင်ကျနေသည့် အပြင်လောက။




ခုံမှာချိတ်ထားသည့်အပေါ်ထပ်ကုတ်အင်္ကျီကိုဝတ်ပြီးနောက် လက်ဆွဲအိတ်ကိုတစ်ဖက်ကကိုင်ကာ ကားသော့ကိုလိုက်စမ်းမိတော့ ပုံမှန်ဆို အင်္ကျီအိတ်ကပ်ထဲကနေ အလွယ်တကူ လက်ထဲပါလာနေကြ ကားသော့ကိုရှာမတွေ့။



စက္ကန့်ပိုင်းလောက် ခေါင်းပူသွားပေမဲ့ ဖြတ်ခနဲဝင်လာသည့်မှတ်ဉာဏ်မှာ ကိုယ့်ကိုယ့်ကိုယ် ခပ်ရဲ့ရဲ့ပြုံးမိသည်။

*နေ့လည်တုန်းကကားကို ဝပ်ရှော့ပို့ခိုင်းထားတာပဲ*





ခေါင်းကို ခပ်သွပ်သွပ်ခါယမ်းရင်း ဓာတ်လှေကားကနေတစ်ဆင့် ကုမ္ပဏီအဆောက်အဦးရဲ့ မြေညီထပ်ဆီကို ဆင်းလာခဲ့ပြီးနောက်

အပေါက်ဝကိုရောက်တဲ့အထိ ခပ်သွပ်သွပ်လျှောက်လာခဲ့မိသည်။



တော်တော်နောက်ကျနေပြီလေ။


အိမ်မှာ ချစ်ဖို့ကောင်းတဲ့ခွေးပေါက်လေးက မျှော်နေလောက်တယ်မလား။

Se Mio | HEEJAKE✅Dove le storie prendono vita. Scoprilo ora