Dos

3.2K 373 38
                                    

Unicode

Cree que realmente me amo
တကယ်ချစ်တယ်ဆိုတာကိုတော့ယုံကြည်ပေးပါ












ရင်ခွင်ထဲကနေထွက်လာတဲ့ ခပ်တိုးတိုးညည်းသံကြောင့် အာရုံတက်အချိန်လောက်မှာHeeseungနိုးလာသည်။


သူ့ရင်ဘက်ပေါ်မှာရှိနေသည့် လက်ချောင်းသွယ်သွယ်လေးတွေနဲ့ လက်ဖဝါးလေးက သာမန်ထက်ပိုပြီးအေးစက်နေတာကို ခံစားမိတော့ အလျင်အမြန်ပဲ နဖူးကိုစမ်းမိတဲ့အခါ

ပူကျစ်တောက်နေသည့်ခန္ဓာကိုယ်ငယ်။




"ဖျားနေပြီလား"

တစ်ယောက်တည်းတိုးတီးရေရွတ်မိရင်း အိပ်ရာပေါ်ကနေ ခပ်ဖြေးဖြေးထရသည်။






အဝတ်စတစ်ခုကိုရေစွတ်ပြီးနောက် ရေချိုးခန်းထဲကနေ ရေတစ်ဇလုံယူကာပြန်ရောက်လာသည်။


ခပ်တိုးတိုးလေးညည်းနေသည့်ကောင်လေးက သတိကောင်းကောင်းရှိတော့သည့်ပုံမပေါ်တော့။

ကိုယ်တိုင်ဖြေးဖြေးချင်းဆွဲထူကာ တစ်ကိုယ်လုံးကိုရေပတ်ဝတ်နဲ့တိုက်ပေးရင်း သူ့ဗီရိုထဲမှာရှိသည့် ညဝတ်အင်္ကျီတွေထဲကတစ်စုံကိုလဲပေးရသည်။




ရှင်းမ်ဂျယ်ယွန်းက နည်းနည်းလေးတောင် ပြောင်းလဲမသွားဘူး။

အခုချိန်ထိ တစ်ခုခုဆိုဖျားနာလွယ်နေတုန်းပဲ။































ဂျယ်ယွန်းနိုးလာတော့ နဖူးပေါ်ကစိုစိစိအရာကိုအရင်ဆုံးခံစားရသည်။

အဝတ်စအစိုကိုဆွဲဖယ်ပစ်ပြီးနောက် ထဖို့ကြိုးစားမိတော့ လူကမူးဝေနေတုန်း။





"နိုးလာပြီပဲ"

အသံကြားရာကိုလှည့်ကြည့်တော့ စားစရာပန်းကန်တစ်ခုကိုကိုင်လျက်ရပ်နေသူ။


"ဒါအရင်စားလိုက် ပြီးရင်ဆေးသောက်ရမယ်"

အငွေ့တထောင်းထောင်းထနေသည့် စွပ်ပြုတ်ပန်းကန်လို့ထင်ရသည့်အရာကို ဘေးနားကစားပွဲပေါ်တင်လိုက်ပြီးနောက် ဂျယ်ယွန်းနဖူးကိုလာစမ်းဖို့လုပ်တော့

Se Mio | HEEJAKE✅Where stories live. Discover now