Seis

2.5K 333 20
                                    

Unicode

Es todo real?
အရာအားလုံးက အစစ်အမှန်တွေလား?












နိုးနိုးလာချင်း မျက်လုံးမဖွင့်မိခင်မှာ ခံစားရတာက ပုံမှန်နဲ့မတူဘဲ ခန္ဓာကိုယ်မှာပိုမိုနေတဲ့အနွေးဓာတ်။



မျက်လုံးကိုခပ်မှေးမှေးဖွင့်ကြည့်မိတော့

What.........ဂျယ်ယွန်းက ဘာကိစ္စနဲ့သူ့လက်မောင်းပေါ်ရောက်နေရတာလဲ?





ပုံမှန်ဆို ဂျယ်ယွန်းမနိုးခင်မှာတည်းက အလုပ်သွားနေကျသူမို့ ဂျယ်ယွန်းနိုးလာတဲ့အခါ ဘယ်တုန်းကမှ မျက်နှာမမြင်ရ။

ဒီနေ့ကျမှ ထူးထူးဆန်းဆန်းလို့တွေးမိပြီး
ကိုယ့်ကိုယ်ကိုယ် ထပဲထလိုက်ရမလား ဆက်ပြီးဒီတိုင်းနေရမလားတွေးရင်း အနေရခက်လာသည်။



ညတုန်းကလည်း ပုံမှန်အတိုင်း ကိုယ့်ဘာသာဒီဘက်အစွန်းကပ်အိပ်တာပဲကို အခုမနက်ရောက်မှဘယ်လိုလုပ်ပြီး ရင်ခွင်ထဲရောက်နေလဲမသိ။

အရင်ကရော ဂျယ်ယွန်းမနိုးခင် သူထသွားရင် ဒီလိုပဲဖြစ်တတ်တာလား?

အဲ့တာသာဆိုရင်တော့ဒုက္ခ။






မသိမသာနဲ့ နည်းနည်းလေးမော့ကြည့်မိတော့
ကြည်ကြည်လင်လင်မျက်နှာက အနီးကပ်။


အနီးကပ်သေချာကြည့်မိကာမှ လွန်ခဲ့တဲ့၁၀နှစ်က Heeseung hyungရဲ့ ပုံစံက တဖြည်းဖြည်းပြန်ပေါ်လာသည်။





ထင်းနေတဲ့မေးရိုးနဲ့ နှာတံက အရင်တိုင်းပဲ။

အသက်အရွယ်ကြောင့် ပိုပြီးရင့်ကျက်လာတဲ့ပုံစံနဲ့ အနည်းငယ်ပြောင်းလဲသွားတဲ့ မျက်နှာအစိတ်အပိုင်းလေးတွေကလွဲရင် အဲ့လောက်ထိမကွဲပြားနေတာကို မြင်လာတော့
ပြန်တွေ့တွေ့ချင်းတုန်းက မမှတ်မိဖြစ်ခဲ့သည့် ကိုယ်ကိုယ်ကိုယ်တုံးလိုက်တာလို့ အပြစ်တင်ချင်လာသည်။

တကယ်တော့ ဂျယ်ယွန်းတစ်ယောက်တည်း မမှတ်မိတာတော့မဟုတ်။

ဖေဖေလည်းမမှတ်မိဖြစ်ခဲ့တာပဲ။




Se Mio | HEEJAKE✅Where stories live. Discover now