Tres

2.9K 349 38
                                    

Unicode

¿Cual es la respuesta?
အဖြေကဘာဖြစ်နိုင်မလဲ?









"ရော့ ဒီမှာ လက်မှတ်ထိုးလိုက်"


အိပ်ရာပေါ်မှာမှိန်းနေတုန်း အနားကိုရောက်လာတဲ့အသံကြောင့် လေးလေးပင်ပင်မျက်လုံးတွေကိုဖွင့်ကြည့်မိတော့ စာရွက်တစ်ရွက်ကိုသူ့ဆီကမ်းကာ ရပ်နေသော Heeseung။

အားယူပြီး ကုန်းထဖို့ကြိုးစားတော့ ဘေးကနေ လာကူတွဲပေးဖို့ကြိုးစားတဲ့ လက်အစုံကို ဂျယ်ယွန်းပယ်ချမိသည်။



"အဲ့တာကဘာလဲ?"


"လက်ထပ်စာချုပ် ဒါနဲ့ ကိုယ်ဒါလည်းခဏယူထားမယ်နော်"


လက်ထဲကမှာ ညှပ်ကိုင်ထားတဲ့အရာက ဂျယ်ယွန်းရဲ့နိုင်ငံသားမှတ်ပုံတင်။



"အဲ့တာကရောဘာလုပ်ဖို့လဲ?"


"လက်ထပ်မှတ်ပုံတင်စာရင်းသွင်းဖို့လေ"


"ခင်ဗျားကတကယ်ရူးနေတာပဲ"


"မရူးပါဘူး မရူးလို့ပဲ အခုလိုအေးအေးဆေးဆေးပြောပြနေတာပေါ့"


"ကျွန်တော်ကမလုပ်နိုင်ဘူးဆိုရင်ရော"

ရှိသမျှအားကုန်သုံးပြီး တင်းထားပေမဲ့ နေလို့မကောင်းသေးတာကြောင့်မို့ ခံစားနေရတာက ဘယ်လိုမှအဆင်မပြေ။

ခပ်ထေ့ထေ့မေးတော့ ဟက်ခနဲ တစ်ချက်ရယ်လာသည့်သူ။


"ဂျယ်ယွန်း ကိုယ်ကဘာလို့ ကျန်တာတွေအကုန်ဝယ်ပြီး မင်းနဲ့မင်းအဖေရှယ်ယာတွေချည်းပဲချန်ထားခဲ့တယ်ထင်လဲ"


"ဘယ်သိမလဲ ခင်ဗျားဘာတွေထပ်ပြီးယုတ်မာဦးမလဲဆိုတာ"


"မင်းလက်ထဲမှာထည့်ထားစေချင်သေးလို့လေ
မင်းသာဒါကိုလက်မခံရင် အချိန်မရွေးအဲ့ရှယ်ယာတွေကို ကိုယ့်အပိုင်ဖြစ်အောင်လုပ်လိုက်လို့ရတယ်"


"မကောင်းတဲ့လူ"


"ကုမ္ပဏီကိုပြန်လိုချင်သေးတယ်မလား ဟမ်?"


မျက်နှာနားကိုတိုးကပ်လာပြီး မေးဖျားကို ခပ်ဖွဖွကိုင်မေးလာတော့ အဖျားမကျသေးသည့်ဂျယ်ယွန်းမျက်နှာနုနုလေးက ဒေါသစိတ်နဲ့အတူပေါင်းကာ နီရဲလျက်။



Se Mio | HEEJAKE✅Where stories live. Discover now