Diecisiete - Episodio Extra

3K 301 243
                                    

Unicode


Mío para siempre
ထာဝရအပိုင်










"ကိုကို အကုန်ယူလိုက်တော့"လို့ဆိုပြီး လက်ထပ်ပြီးပြီးချင်းမှာပဲ သူပိုင်ဆိုင်သမျှလုပ်ငန်းတွေကို အကုန်Heeseungလက်ထဲ ထိုးပေးလာတဲ့ ဂျယ်ယွန်းဟာ တကယ့်ကိုတားမရဆီးမရ။

ကိုယ်တိုင်ရော ဘာဆက်လုပ်မှာလဲပြန်မေးမိတဲ့အခါ "ကိုကိုချစ်တာခံမယ်လေ"ဆိုပြီး စပ်ဖြီးဖြီးနဲ့ဖြေတတ်တဲ့ ကောင်လေးကို အပြစ်မမြင်နိုင်ဘဲ ပိုပြီးချစ်ရပေမဲ့

ကိုယ်တိုင်အလုပ်တစ်ခုခုလုပ်ဖို့ကို မပြောမဖြစ်တိုက်တွန်းတဲ့အခါ သူသဘောကျတဲ့ interior designerအလုပ်ကို ဆက်လုပ်ပါမယ်ဆိုပြီးအပျော်သဘောသာသာ ဆက်လုပ်နေတဲ့ဂျယ်ယွန်းကြောင့် Heeseungလည်း ဘာမှထပ်မပြောမိတော့။






အရင်ACE Groupအပြင် ဂျယ်ယွန်းတို့လုပ်ငန်းပါ လုပ်ငန်းကြီးနှစ်ခုလုံးကို အတည်ကြီးပေါင်းပြီး အုပ်ချုပ်ရတဲ့အလုပ်က တကယ့်ကိုမလွယ်ကူ။

အရင်ကလည်း လုပ်ငန်းစုနှစ်ခုလုံးကို တွဲလုပ်ကိုင်ခဲ့ဖူးပေမဲ့ အဲ့တုန်းက ယာယီသဘောနဲ့လုပ်တာဖြစ်ပြီး အခုကတော့ရေရှည်ဖြစ်တာမို့ ထင်ထားတာထက်ပိုပြီး stressရော pressureရော အတော့်ကိုပိတာအမှန်။


မပြီးပြတ်သေးတဲ့အလုပ်တွေ၊ စစ်စရာစာရင်းဇယားတွေကို ညညအိမ်ထိ သယ်လာမိတဲ့အခါတိုင်း ဆူပုတ်ပုတ်နဲ့ စိတ်ကောက်တတ်တဲ့ ကောင်လေးဟာလည်း နှစ်ဘယ်လောက်ကြာသွားသွား အမြဲအလုပ်ရှုပ်တတ်တဲ့သူ့ကို အသားမကျသေးသယောင်။







"ကိုကို ဒီမှာကြည့်"

Laptopတစ်လုံးနဲ့ အလုပ်ရှုပ်နေတဲ့သူ့ဘေးကနေ လာထိုင်ကာ ဖုန်းcameraဖွင့်ပြီးလာရှုပ်နေတဲ့ ဂျယ်ယွန်း။



"ဂျယ်ယွန်း ခဏလေး ကိုယ်ဒီဟာလေးလက်စသတ်စရာရှိသေးလို့"


အကြည့်တောင်မလွှဲဘဲ ပြန်ပြောမိတဲ့ Heeseungရဲ့ပါးကို သူ့လက်ညှိုးနဲ့ဟိုထိုးဒီထိုး လုပ်ရင်း သူကိုယ်တိုင်ရဲ့ပါးကို လေတွေငုံဖောင်းထားပြီး poseမျိုးစုံပေး Selcaရိုက်နေတဲ့ဂျယ်ယွန်းဟာ အချိန်တွေဘယ်လောက်ကြာလာလာ မရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်လိုမျိုး။





Se Mio | HEEJAKE✅حيث تعيش القصص. اكتشف الآن