Quince

2.7K 298 114
                                    

Unicode

Un agarre fuerte
ခိုင်မြဲတဲ့ဆုပ်ကိုင်မှု










ရှားရှားပါးပါးနားလို့ရတဲ့ရက်လေးဆိုပြီး အိပ်ရာထဲမှာခွေနေမိတာ တစ်နေကုန်နီးပါးဖြစ်တော့မည်။

ဗိုက်ထဲကဆာသလိုရှိတာကိုလည်း ဂရုမစိုက်ပဲ ဆက်သာအိပ်နေခဲ့မိတာ။

ဒီလိုမျိုးအိပ်ဖို့က ခုတလော အိပ်ချင်ပါတယ်ဆိုရင်တောင် မအိပ်ခဲ့ရတာ အတော့်ကိုကြာပြီမလား။

အိပ်ရာထဲမှာ ကြာကြာနေရတယ်ဆိုတာဟာ ဂျယ်ယွန်းအတွက် အခုနောက်ပိုင်း ရွှေထက်ရှားတဲ့အခွင့်အရေးမို့ အိပ်ရေးဝနေတာတောင် အိပ်ရာထဲမှာပဲ ဆက်ပြီးနေမိတာ
ရူးတယ်လို့ဆိုရင်လည်း အင်း...ရူးတာပဲပေါ့။


အဲ့သလို အပျင်းကြီးတယ်လိုဆိုရမလား အိပ်ရာကိုတန်ဖိုးထားတယ်လို့ဆိုရမလား မသိတဲ့စိတ်နဲ့ ဆာလောင်တဲ့စိတ်ဟာ
တစ်နေကုန် မသိမသာ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲကြရင်း ဆက်တိုက် ဆက်တိုက်
အပျင်းကြီးတဲ့စိတ်ကသာ အနိုင်ရပြီး အိပ်ရာထဲမှာပဲ ဟိုလှိမ့်ဒီလှိမ့်နဲ့ ဆက်နေခဲ့မိတာ နာရီပေါင်းအတော်ကြာလိမ့်မည်။

နောက်ဆုံး ဘယ်လိုမှ ဆက်မအိပ်ချင်တော့ဘူးလို့ ခန္ဓာကိုယ်ကဆိုလာတဲ့အခါမှသာ အိပ်ရာထဲကနေ လေးလေးပင်ပင်ထလာခဲ့ပြီးနောက်
ဦးတည်ရာက မီးဖိုချောင်ဆီ။




ထမင်းစား စားပွဲပေါ်တင်ထားတဲ့ရေပုလင်းကို ယူ ၊ တစ်ချက်မော့ပြီးနောက် ဘေးနားကရေခဲသေတ္တာထဲ တစ်ခုခုစားလို့ရတာများရှိလေမလား ခေါင်းစိုက်မိပေမဲ့
ဘယ်တုန်းကဝယ်ထားမှန်းမသိတဲ့ ကြက်ဥကဒ်တစ်ချို့ရယ်၊ susageချောင်း သုံးလေးချောင်းရယ်၊ အသင့်သောက်လို့ရတဲ့နွားနို့ဘူးတစ်ဘူးရယ်ကလွဲရင် တခြားဘာမှမယ်မယ်ရရမရှိ။

တစ်ယောက်တည်းနေတာလည်းဖြစ်သလို ပုံမှန် အပြင်မှာပဲ စားဖြစ်နေကြမို့ မလွဲသာမရှောင်သာ မနက်စာစားစရာလောက်ပဲရှိတာမဆန်း။

ဂျယ်ယွန်းအလုပ်သွားသည့်အချိန် နေ့လည်ပိုင်းတွေမှာမှ တစ်ရက်ခြားတစ်ခါလောက် အိမ်သန့်ရှင်းရေးလာလုပ်ပေးသည့်အဒေါ်ကြီးက တစ်ခါတစ်ရံ အရန်ဟင်းလေးတွေထားသွားပေးပေမဲ့ မစားဖြစ်တာကပဲများပါသည်။

Se Mio | HEEJAKE✅Where stories live. Discover now