Doce

2K 292 63
                                    

Unicode

Perdido
ဆုံးရှုံးခြင်း








၃လဆိုသောအချိန်က ရှည်ကြာလွန်းသယောင်ထင်ခဲ့ရပေမဲ့
၉လဆိုသောအချိန်ကတော့ ထင်ထားတာထက်ပိုပြီးတိုလာပုံပေါ်သည်။

ကျင့်သားရသွားပြီလားလို့မေးလာခဲ့ရင်တော့ ဂျယ်ယွန်းခေါင်းကိုတွင်တွင်ကြီးသာခါပြမိဦးမှာ။


လုံးလုံးလျားလျား ကိုယ့်အားကိုယ်ကိုးကာ ကြိုးစားရှင်သန်ရသည့်နေ့ရက်တွေက ထင်ထားတာထက် ခက်ခဲပြီးရှုပ်ထွေးလွန်းတာမို့ နေ့တာတွေက ပိုပြီးတိုတောင်းလာခဲ့တာဖြစ်မည်။


ကြိုးစားသင်ယူရင်း ခြေလှမ်းနေခဲ့ရသော စီးပွားရေးလုပ်ငန်းသည် ဂျယ်ယွန်းကောင်းကောင်း ပါရမီပါသောအရာတော့မဟုတ်ခဲ့။

ဖေဖေ့ဆီကကျန်ခဲ့သော တစ်ခုတည်းသောအမွေဖြစ်သည့် ဒီလုပ်ငန်းကို ထိန်းသိမ်းပေးလိုသောသားလိမ္မာစိတ်လို့ဆိုပြီး ခေါင်းစဉ်တပ်လို့ရလောက်သည့် အကြောင်းအရင်းတစ်ခုကြောင့်သာ သူဒီလိုကြိုးစားရှင်းသန်နေခဲ့တာဖြစ်နိုင်သည်။



တစ်နေကုန်ရှုပ်ယှက်ခက်နေသော အလုပ်စားပွဲနှင့်ဖိုင်အထပ်လိုက်ကြားမှာ အချိန်ကုန်ပြီးနောက် နေ့တာကတိုသည်ဟု ဂျယ်ယွန်းကောက်ချက်ချမိခဲ့သော်လည်း
မှောင်မိုက်ကာအထီးကျန်သည့် ညတာတွေကတော့ လိုအပ်တာထက်ပိုပြီးရှည်လျားနေခဲ့သည်။




​တစ်နေကုန်ပင်ပန်းကာ လေးပင်သည့်ခြေလှမ်းတွေနဲ့  ကြိုသူမဲ့သည့် ညအမှောင်ထဲကအိမ်ပြန်လမ်းတွေဟာ ခြောက်သွေ့ပြီးအဓိပ္ပာယ်မဲ့လွန်းသည်။




နက်ပြာရောင်သမ်းသည့် ညကမ္ဗလာကောင်းကင်ရဲ့ ကြယ်ရောင်လဲ့လဲ့တွေဟာ တစ်ချိန်တုန်းကသူ့ကိုမြတ်နိုးစွာကြည့်ခဲ့ဖူးသည့်မျက်ဝန်းတောက်တောက်တွေကို သတိရအောင်လုပ်နေသယောင်။

တစ်ချက်တစ်ချက်လေအဝှေ့မှာ ထွက်ပေါ်လာတဲ့ သစ်ရွက်ချင်းပွတ်တိုက်သံတွေကြားမှာ သူ့ကိုသိပ်ချစ်ကြောင်းဆိုနေသည့် တီးတိုးစကားသံဖွဖွလေးရှိနေသယောင်။

Se Mio | HEEJAKE✅Where stories live. Discover now