Siete

2.5K 315 35
                                    

Unicode

"Cosa más favorita en el mundo
လောကကြီးမှာ အနှစ်သက်ဆုံးအရာ"













တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေကို ကားမှန်ထဲကနေတစ်ဆင့် ငေးကြည့်နေမိရင်း
နည်းနည်းအေးစိမ့်စိမ့်ဖြစ်လာတော့ ကိုယ်ပေါ်ကအပေါ်ထပ်အနွေးထည်ကို ပိုပြီးတင်းကျပ်လာအောင် ကိုယ့်လက်မောင်းနှစ်ဖက်ကိုကိုယ် ပြန်ဆုပ်ကိုင်မိပြန်သည်။




ဒီလိုမျိုးမိုးဖွဲဖွဲကျနေသည့်ပိတ်ရက်က ဘယ်သူမဆိုအတွက် အိပ်ယာပေါ်ကစောင်ပုံထဲမှာ တစ်နေကုန်ကွေးနေဖို့အကောင်းဆုံးရာသီဥတုဖြစ်နိုင်ပေမဲ့
သူ့ဘေးနားက ကားမောင်းနေတဲ့သူအဖို့တော့မပါဝင်ခဲ့။



တလမ်းလုံးလည်း စကားတစ်ခွန်းမှမပြောဘဲ ကားကိုသာအာရုံစိုက်မောင်းနေတဲ့သူရဲ့ မျက်နှာမှာ တစ်ခုခုကပုံမှန်မဟုတ်နေတာကိုခံစားရသည်။



ပုံမှန်ဆိုပေမဲ့ ပုံမှန်နဲ့မတူတဲ့ ခံစားချက်။



မျက်ဝန်းတွေ။

ဟုတ်တယ် မျက်ဝန်းတွေ။


သူ့မျက်ဝန်းတွေထဲမှာ အုံ့မှိုင်းနေတဲ့ တိမ်တွေလိုမျိုး ဝမ်းနည်းရိပ်တွေ သမ်းနေတာကို ဂျယ်ယွန်းခံစားမိခဲ့သည်။















"ရောက်ပြီ"



တိုတိုပြတ်ပြတ်စကားတစ်ခွန်းနဲ့အတူ ကားထိုးရပ်လိုက်တဲ့နေရာက လူသူတိုက်တာကင်းမဲ့သော စိမ်းစိမ်းစိုစိုပတ်ဝန်းကျင်တစ်ခု။





ဂျယ်ယွန်းကားတံခါးကိုဖွင့်ကာ ဆင်းဖို့လုပ်တဲ့အချိန်မှာ ခုနက တဖွဲဖွဲနဲ့ဆွေနေတဲ့မိုးကလည်းအဆုံးသတ်သွားခဲ့ပြီဖြစ်သည်။






ဘာမှမပြောပဲ ရှေ့ကနေဦးဆောင်သွားတဲ့သူနောက်ကိုသာ အမီလိုက်ဖို့ကြိုးစားမိတော့



"ကျွန်တော့်ကိုစောင့်ဦးလေ"


ခပ်သွက်သွက်လှမ်းမိတဲ့ ခြေလှမ်းတွေက ရှေ့ကခပ်လေးလေးခြေလှမ်းတွေနဲ့ ကိုက်ညီသွားတဲ့အချိန်မှာရပ်တံ့သွားခဲ့သည်။








Se Mio | HEEJAKE✅Where stories live. Discover now