Cinco

2.6K 332 53
                                    

Unicode

Una palabra de dios
နတ်ဘုရားရဲ့စကားတစ်ခွန်း





နတ်ဘုရားတစ်ပါးကဆိုတယ်။

"ချစ်ခြင်းတရားကိုပြတ်ရယ်ပြုတဲ့သူဟာ ပြစ်ဒဏ်ခံရမယ်"



သူ့မြတ်နိုးရသူကတော့ အချစ်ဆိုတာကို လှောင်ရယ်တယ်။

စစ်မှန်တဲ့ချစ်ခြင်းတရားက အချိန်နဲ့လိုက်ပြီး မပြောင်းလဲဘူးဆိုတဲ့အရှိတရားကို မျက်ကွယ်ပြုတယ်။

လောကမှာ ထာဝရမြဲတဲ့အချစ်မရှိဘူးလို့ကြွေးကြော်တယ်။

ကျွန်တော့်ချစ်သူ ပြစ်ဒဏ်ခံရရင်တော့ ရင်ကျိုးရချည်ရဲ့။
























တစ်နေကုန်အိမ်ထဲမှာပဲ နေရတော့ လူကညည်းစိစိဖြစ်နေတာအမှန်။

ရှိရှိသမျှမုန့်တွေကိုယူပြီး TVရှေ့မှာထိုင်နေရတာ ကြာလာတော့လည်းပျင်းလာသည်။

ကိုယ်တိုင်လည်း ရှေ့ရက်ပိုင်းတွေမှာ စိတ်ရောလူရော ပင်ပန်းထားတာက နည်နည်းနောနောမဟုတ်တာကြောင့်
ဖျားတဲ့အရှိန်နဲ့ရောပြီး အေးအေးဆေးဆေးနားနေပြောတာနဲ့ တကယ်နားနေမိတာ
ကြာလာတော့ ပျင်းစရာကောင်းလာသည်။





နံရံပေါ်ကနာရီကိုကြည့်တော့ ညနေ၆နာရီခွဲလုပြီ။

အိမ်အကူအဒေါ်ကြီးတွေ သန့်ရှင်းရေးသမားတွေက အချိန်ပိုင်းပဲအလုပ်လုပ်ပြီးပြန်ကြတာမို့
ညနေစာပြင်ဆင်ပေးပြီးရင် အခုချိန်ဆို ပြန်ကုန်ကြပြီ။



ဟိုလူကတော့ ပုံမှန်အလုပ်ကနေ အိမ်ပြန်ရောက်ချိန်ထက်ကျော်ကာ အခုချိန်ထိ ပြန်မရောက်သေးပုံပေါ်ရင် နောက်ကျတော့မည်ထင်သည်။



ကျမှာပေါ့ ဒီလောက်များတဲ့တာဝန်တွေ အကုန်ယူချင်တာလေ။

ခံပေါ့ လောဘကြီးတဲ့လူ။


သူ့ကိုယ်ပိုင် မူရင်းစီးပွားရေးလုပ်ငန်းဖြစ်တဲ့ ACE Groupအပြင် အခုဂျယ်ယွန်းတို့ရဲ့ ကုမ္ပဏီကိုပါ လက်ဝါးကြီးအုပ်ထားတော့
တစ်ယောက်တည်း အလုပ်တွေနဲ့ချာချာလည်နေတာကို ဂျယ်ယွန်းကတော့ စိမ်ပြေနပြေ ထိုင်ကြည့်နေမိတာအမှန်။


Se Mio | HEEJAKE✅Where stories live. Discover now