Diez

2.1K 286 68
                                    

Unicode



Falla
ကျရှုံးခြင်း










မျက်လုံးတွေဖွင့်လိုက်လိုက်ချင်း ခံစားမိတာက တစ်ချက်တစ်ချက်ထိုးကိုက်နေတဲ့ခေါင်း။

ဘေးဘီကိုကြည့်မိတဲ့အခါ သူတစ်ယောက်တည်း။






တစ်ဆစ်ဆစ်ဖြစ်နေတဲ့ ခေါင်းကိုဖိကိုင်ကာအိပ်ရာပေါ်ထိုင်နေရင်း တရိပ်ရိပ်ပေါ်လာတဲ့မနေ့ညကအဖြစ်အပျက်တွေက ခေါင်းထဲမှာဖြတ်သန်းပြေးလွှားလျက်။



သူ့ကိုတောင်းပန်နေတဲ့ ဂျယ်ယွန်းရဲ့အသံ။

ပြီးတော့ မျက်ရည်စတွေနဲ့မျက်နှာလေး။





ဖြတ်ခနဲဝင်လာတဲ့ မှတ်ဉာဏ်ကြောင့် ခုနကကိုက်ခဲနေတဲ့ခေါင်းကိုသတိမရနိုင်တော့ဘဲ ဝုန်းခနဲချက်ချင်းထကာ အခန်းပြင်ကိုပြေးထွက်ခဲ့မိသည်။












ထမင်းစားခန်းထဲမှာ နွားနို့ဘူးကိုကိုင်လျက် စားပွဲခုံရှေ့မတ်တပ်ရပ်နေသည့် ကျောပြင်ငယ်ကိုမြင်တော့ အားနာစိတ်တွေကအရင်။



ခပ်မြန်မြန်အနားကိုတိုးကပ်သွားပြီး နောက်ကနေ ခါးသွယ်သွယ်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်မိတော့ ဆက်ခနဲတောင့်သွားသည့်ခန္ဓာကိုယ်ငယ်။




"ကိုယ် တောင်းပန်ပါတယ်"



စက္ကန့်ပိုင်းလောက်ထိတုန့်ပြန်မှုမရှိဘဲငြိမ်သက်နေခဲ့တဲ့ရှေ့ကလူသားငယ်က
တစ်အောင့်လောက်ကြာမှ ဖြည်းဖြည်းချင်း လှည့်လာပြီး သူရှိရာဘက်ကိုမျက်နှာမူလာသည်။


စူးစူးဝါးဝါးစိုက်ကြည့်လာတဲ့ မျက်ဝန်းတစ်စုံက အရင်ကနဲ့မတူစွာအေးစက်လွန်းနေခဲ့တာကို ခံစားမိတော့တုန်လှုပ်သွားရတာကသူ။



သိပ်မြတ်နိုးရတဲ့မျက်နှာနုနုလေးကို ကိုင်ရင်း

"ယွန်းလေး ကိုယ် တကယ်တောင်းပန်ပါတယ်"



​အငြင်သာဆုံးတောင်းပန်တိုးလျှိုးနေတဲ့စကားဟာ နှလုံးသားထဲကနေလာခဲ့တဲ့အသံဖြစ်ကြောင်း သိစေချင်ပေမဲ့
နည်းနည်းလေးမှတုန့်ပြန်မှုမရှိ အသက်မဲ့လွန်းတဲ့မျက်ဝန်းတွေက ခြောက်ခြားဖွယ်ရာအတိ။










Se Mio | HEEJAKE✅Where stories live. Discover now