Dieciséis - Epílogo

2.7K 307 163
                                    

Unicode


"Se Mío : Be Mine"



Mío = ကိုယ့်အပိုင်














တစ်ကိုယ်လုံးကိုသိမ်းပြီးထွေးပွေ့ထားပေးတဲ့ အနွေးဓာတ်ဆီကနေ နည်းနည်းလေးလစ်ဟာသွားသလိုမျိုး ခံစားလိုက်ရတဲ့အချိန်ဟာ မနက်စောစောပိုင်းဖြစ်လိမ့်မည်လို့ခန့်မှန်းရသည်။


နံဘေးစားပွဲပေါ်ကနေ အသံမြည်လာတဲ့ဖုန်းringtoneဟာ အိပ်တဝက်နိုးတစ်ဝက် အိမ်မက်ထဲကနေ ကောင်းကောင်းထွက်မလာနိုင်သေးတဲ့ ဂျယ်ယွန်းဖုန်းဆီကမဟုတ်မှန်း သိလိုက်ရပြီးတဲ့နောက်

သူ့ကိုထွေးပွေ့ထားတဲ့လက်ကို အသာမြှောက်ကာ ဖုန်းကိုကောက်ယူလိုက်တဲ့ နံဘေးကလူသားကြောင့် တိတ်ဆိတ်သွားတဲ့ဖုန်းသံ။






"အတွင်းရေးမှူးဆော ဘာကိစ္စရှိလို့လဲ"







"အင်း ဟုတ်ပြီ မိနစ်၃၀ အတွင်း ကုမ္ပဏီကိုအရောက်လာခဲ့မယ်"





​တစ်ဖန်ပြန်ငြိမ်သက်သွားတဲ့ အခန်းတွင်းလေထုမှာ ခုနက ဖုန်းရဲ့လေလှိုင်းကနေတစ်ဆင့် တိုးတိုးလေးပျံ့နှံ့လာတဲ့ အတွင်းရေးမှူးဆောဆိုတဲ့ မိန်းကလေးဆီသွားတော့မည်ကို သိလိုက်ရတဲ့အခါ စိတ်ထဲမှာစနိုးစနှောင့်။



မနေ့ညက Heeseung hyungပြောပြပြီးလို့ partyပွဲက မိန်းကလေးဟာ hyungရဲ့ အတွင်းရေးမှူးဖြစ်ကြောင်းသိလိုက်ရပေမဲ့

ဘယ်လိုပဲ အတွင်းရေးမှူးဖြစ်ဖြစ်လေ။


ကိုကို့အနားမှာ အမြဲရှိနေပြီး ကိုကို့လက်မောင်းကိုတွဲချိတ်ခွင့်ရနေတာ


ဂျယ်ယွန်းစိတ်ထဲနည်းနည်းလေးတောင်မှ အဆင်မပြေပါ။




မျက်လုံးတွေမှိတ်ထားရင်း အိပ်တစ်ဝက်နိုးတစ်ဝက် ဟိုရောက်ဒီရောက်ဖြစ်နေတဲ့ စိတ်ဟာ အတွင်းရေးမှူးမလေးကိုလည်း မကျေမနပ်ကျိန်ဆဲနေမိပြန်သည်။




Se Mio | HEEJAKE✅Where stories live. Discover now