Chapter 1: My First Love

8.4K 375 10
                                    

"မင်္ဂလာပါ.. 'နိုင်ငံ့ဂုဏ်​ဆောင် ကြယ်ပွင့်​လေးများ' အစီအစဥ်မှပြန်လည်ကြိုဆိုပါတယ်။ ဒီ​နေ့အစီအစဥ်မှာ​ဖိတ်ကြားခြင်းခံရတဲ့ နိုင်ငံ့ဂုဏ်​ဆောင် ကြယ်ပွင့်​လေးက​တော့... ဂျပန်နိုင်ငံ တိုကျိုမြို့ မှာကျင်းပပြုလုပ်တဲ့အိုလံပစ်အားကစားပြိုင်ပွဲမှာ ​ရွှေတံဆိပ်ဆုကိုထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ တိုက်ကွန်ဒိုကစားသမား​လေးပဲဖြစ်ပါတယ်။ ကဲ.. အစီအစဥ်​လေးကို စလိုက်ရ​အောင်​နော်"

"မင်္ဂလာပါရှင့်"

"ဟုတ်ကဲ့.. မင်္ဂလာပါ"

"ပထမဆုံးအ​နေနဲ့ကိုယ့်ကိုယ်ကိုမိတ်ဆက်​ပေးပါဦး"

"ကျွန်​တော့်နာမည်က ဂျွန်​ဂျောင်ကုပါ။ ​'မြောင်အင်း အထက်တန်း​ကျောင်း' ကအထက်တန်း​နောက်ဆုံးနှစ်​​ကျောင်းသားတစ်​ယောက်ပါ"

"အခုလိုငယ်ငယ်ရွယ်ရွယ်နဲ့ တိုင်းပြည်ဂုဏ်​ဆောင်တစ်​ယောက်ဖြစ်လာတဲ့အတွက် အရမ်းကိုဂုဏ်ယူပါတယ်"

"​ကျေးဇူးတင်ပါတယ်"

"တိုက်ကွန်ဒိုကို ဘယ်အရွယ်ကတည်းက စ ကစားဖြစ်တာလဲ?"

"အသက် ၁၀နှစ်ကတည်းကပါ"

"အသက် ၁၀နှစ်ကတည်းက အခုလိုနိုင်ငံ့ဂုဏ်​ဆောင် အားကစားတစ်​ယောက်ဖြစ်ဖို့ ရည်မှန်းချက်ထားခဲ့တာ​ပေါ့"

"အဲ့လို​တော့ မဟုတ်ပါဘူး။ ကိုယ်ခံပညာတစ်ခုခုကို မဖြစ်မ​နေတတ်ထားရမှာမို့လို့ တိုက်ကွန်ဒိုကိုစပြီးသင်ခဲ့တာပါ။ ဒါ​ပေမယ့် အားကစားနဲ့ပတ်သက်ရင် သူများထက်​တော်ရမယ်ဆိုတဲ့ကျွန်​တော့်ရဲ့စိတ်​ကြောင့် ပြိုင်ပွဲ​တွေဝင်ပြိုင်ဖြစ်ပြီး ဒီ​နေရာကို​ရောက်လာခဲ့တာပါ"

"ခုနက ကိုယ်ခံပညာတစ်ခုခုကိုမဖြစ်မ​နေတတ်ထားရမှာမို့လို့ တိုက်ကွန်ဒိုကိုသင်ယူခဲ့တယ်လို့​ပြောခဲ့တယ်​နော်? "

"ဟုတ်ပါတယ်"

"ဘာလို့လဲ သိခွင့်ရှိမလား?"

"တစ်စုံတစ်​ယောက်ကို ကျိန်း​သေ ကာကွယ်​ပေးမယ်လို့ ကတိ​ပေးထားခဲ့လို့ပါ"

"အဲ့ဒီတစ်စုံတစ်​ယောက်ဆိုတာဘယ်သူများဖြစ်မလဲ?"

"ကျွန်​တော့်ရဲ့ .... အချစ်ဦးပါ"

Born To Love You (✔)Where stories live. Discover now