Chapter 4: Can We Meet Again?

2.3K 299 13
                                    

​ဆော့ဂျင်အလုပ်ကို​ရောက်​တော့ ၉နာရီထိုးဖို့ ၁၀မိနစ်သာလို​​တော့သည်။

"ဟူး! ​​တော်​သေးတယ်။ ​နောက်မကျလို့"

​ဆော့ဂျင် လက်မှာပတ်ထားတဲ့နာရီကိုကြည့်ကာတစ်​ယောက်တည်း​ရေရွတ်လိုက်ပြီးနောက် ကြီးမားခန့်ထည်တဲ့အ​ဆောက်အဦးကြီးကို​မော့ကြည့်မိတော့ကိုယ့်ကိုယ်ကိုဂုဏ်ယူမိသလိုလိုဘာလိုလို။ သူ့လို fresh graduate တစ်​ယောက်အ​နေနဲ့အခုလို ​တောင်ကိုရီးယားရဲ့ နာမည်ကြီး top 30 စာရင်းဝင် Venus Law Firm မှာအလုပ်ရဖို့ဘယ်လွယ်ပါ့မလဲ။

"မင်္ဂလာပါ Venus မှကြိုဆိုပါတယ်ရှင်"

သူအထဲ​ရောက်​တော့ reception က​ကောင်မ​လေးက​ဖော်​ရွေစွာပြုံးပြပြီးနှုတ်ဆက်သည်။

"ကျွန်​တော်က ​ရှေ့​နေကင်​ဆော့ဂျင်ပါ။ ဒီ​နေ့ကစပြီး Venus မှာအလုပ်ဆင်းရမှာပါ"

"ဪ.. ဟုတ်ကဲ့။ ​တွေ့ရတာဝမ်းသာပါတယ်။ Venus ရဲ့မိသားစုဝင်တစ်​ယောက်ဖြစ်လာတဲ့အတွက်ဂုဏ်ပြုပါတယ်ရှင့်"

"​ကျေးဇူးပါ။ ဒါနဲ့ကျွန်​တော်ကအခုဘယ်မှာ..."

"ဒုန်း"

သူ့စကား​တောင်မဆုံး​ခင်ထွက်​ပေါ်လာတဲ့ကျယ်​လောင်တဲ့အသံ​ကြောင့် သူ​ရော ​ကောင်မ​လေးပါ မတိုင်ပင်ထားဘဲအသံလာရာကိုပြိုင်တူကြည့်မိသွားသည်။

"ဒုန်း..ဒုန်း"

အ​ပေါက်ဝမှာတံခါးနဲ့တိုက်ပွဲဖြစ်​နေတဲ့လူတစ်​ယောက်တံခါးကိုအသည်းအသန် အားကုန်တွန်း​နေ​ပေမယ့် တံခါးကပွင့်မလာတာ​ကြောင့်​ချွေးပြန်​နေပုံရသည်။ Reception က​ကောင်မ​လေးက ကပျာကရာ ​ကောင်တာက​​နေ​ထွက်ပြီးထိုလူ ဝင်လို့ရ​အောင်တံခါး​ပြေးဖွင့်​ပေးရ​သေးသည်။

"တံခါးက တွန်းရမှာမဟုတ်ဘူးရှင့် ဆွဲရမှာ"

​​ကောင်မ​လေးစကား​ကြောင့်ထိုလူကအရှက်​ပြေ ပါးချိုင့်​တွေခွက်တဲ့အထိရယ်လိုက်ပြီး..

"ဟီး..ဟီး.. ထင်​တော့ထင်သား။ ကျွန်​တော်ကအ​မေရိကားမှာအကြာကြီး​နေဖူးခဲ့​ပေမယ့် အခုအချိန်ထိ pull နဲ့ push ကိုမကွဲ​သေးဘူး ဟီး..ဟီး"

Born To Love You (✔)Where stories live. Discover now