Chapter 9: Remember Me?

1.9K 270 12
                                    

​လမ်းမီး​ရောင်မှိန်မှိန်​လေးသာရှိတဲ့လမ်းကြား​လေးထဲမှာတစ်​ယောက်တည်းလမ်း​လျှောက်​နေရင်း ​ဆော့ဂျင်တစ်​ယောက်​ကြောက်စိတ်​တွေဝင်လာခဲ့သည်။

"ဘာဖြစ်လို့ လမ်းမီး​ကောင်း​ကောင်းမရှိတဲ့​နေရာမှာမှအိမ်ငှား​နေမိလဲမသိဘူး"

​ဆော့ဂျင်ငြီးငြူမိရင်း​ခြေလှမ်း​တွေကိုအရှိန်မြှင့်လိုက်သည်။ အိမ်​မြန်မြန်ပြန်​ရောက်ဖို့အ​ရေးကြီးတယ်​လေ။

"ကလင်..ကလင်..ကလင်"

အိတ်ထဲက​နေမြည်လာတဲ့ဖုန်းသံ​ကြောင့် အလွယ်တကူလန့်တတ်တဲ့​ဆော့ဂျင်ကိုယ်​လေးတွန့်ခနဲဖြစ်သွားသည်။ ဖုန်းကိုအိတ်ထဲကထုတ်ပြီးကြည့်လိုက်​တော့သူမသိတဲ့နံပါတ်ဖြစ်​နေသည်။ မကိုင်​တော့ဘူးလို့စဥ်းစားပြီးမှတစ်​ယောက်တည်းလမ်း​လျှောက်​နေတဲ့အချိန်တစုံတ​ယောက်နဲ့စကား​ပြောလိုက်ရင်​ကြောက်စိတ်​တွေ​ပြေသွား​မလားဆိုတဲ့စိတ်နဲ့ဖုန်းကိုင်လိုက်သည်။

"Stop!"

​ဆော့ဂျင်​ရှေ့မှာ​ပေါ်လာတဲ့​ကောင်​လေး ၄​ ယောက်.. ​ကျောင်းဝတ်စုံကိုကြယ်သီး​တွေဖြုတ်ဝတ်ထားပြီး ​ကြောင်​တောင်​​တောင်ဆံပင်ပုံစံ​တွေ​ကြောင့် အထက် တန်း​ကျောင်းသားလူဆိုးတစ်သိုက်မှန်း​ဆော့ဂျင်သိလိုက်သည်။ ကိုယ့်ထက်ငယ်တဲ့​ကောင်​လေး​တွေမို့မ​ကြောက်သင့်မှန်းသိ​ပေမယ့် ​လေးယောက်တစ်​ယောက်မို့​ဆော့ဂျင်လန့်မိတာ​တော့အ​သေအချာပဲ။

"မင်း..မင်း..မင်းတို့ကဘာ​တွေလဲ"

​ဆော့ဂျင်လက်ထဲမှာကိုင်ထားတဲ့ဖုန်းကို အိတ်ထဲထည့်ရင်းတုန်ရီ​နေတဲ့အသံနဲ့​မေးလိုက်သည်။ သူ့ဖုန်းကဝယ်ထားတာမကြာ​သေး​တဲ့အပြင် အရစ်ကျသွင်းရမယ့်​ငွေ​​တောင်​ကျေ​အောင်မသွင်းရ​သေး​​တော့လုသွားမှာစိုးရိမ်မိလို့အိတ်ထဲအလျင်အမြန်ထည့်လိုက်တာပါ။

"​စကားအရှည်ကြီးမ​ပြောချင်ဘူး..​ပေး"

​ခေါင်း​ဆောင်ဖြစ်ဟန်တူတဲ့တစ်​ယောက်က ပါးစပ်ထဲက lollipop ကိုထုတ်လိုက်ပြီးပြောသည်။

"ဘာ..ဘာ​ပေးရမှာလဲ"

"​တောက်!စကားအရှည်ကြီးမ​ပြောချင်ပါဘူးဆိုမှ။ ခင်ဗျားကိုအလကားသက်သက်လမ်းပိတ်ရပ်​နေတယ်လို့ထင်​နေတာလား"

Born To Love You (✔)Where stories live. Discover now