"ဖုန်းပိတ်ပစ်လိုက်ပြီထင်တယ် ခြေရာခံလို့မရတော့ဘူး။ ကြည့်ရတာတော့ sim card ကိုပါထုတ်ပြီးတစ်နေရာရာမှာပစ်ခဲ့ပုံရတယ်"
"တောက်!"
စုံထောက်ကြီးရဲ့စကားအဆုံးမှာသူမျှော်လင့်ချက်မဲ့သွားရသလို ဆော့ဂျင်အတွက်ဘာမှမလုပ်ပေးနိုင်တဲ့သူ့ကိုယ်သူလည်းဒေါသဖြစ်ရသည်။ ဒီလိုတွေဖြစ်လာမှာဆိုးလို့နေ့တိုင်းဆော့ဂျင်နားမှာနေပြီးရုံးအပို့အကြိုပုံမှန်လုပ်ပေးနေခဲ့တာတောင်သူတစ်ချက်သတိလွတ်သွားတာနဲ့အခုလိုအဖြစ်မျိုးကြုံရတယ်လို့။
"တခြားဘာများနည်းလမ်းများရှိနိုင်သေးလဲ စုံထောက်ကြီး"
ဂျောင်ကုအစားနမ်ဂျွန်းကပဲမေးခွန်းဝင်မေးလိုက်သည်။
"ကင်ဆော့ဂျင်ကိုနောက်ဆုံးခြေရာခံမိတဲ့နေရာကအင်ချွန်းနားမှာဆိုတော့အဲ့နားပတ်ဝန်းကျင်က cctv တွေကိုအရင်စစ်ဆေးကြည့်တာပေါ့"
ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတဲ့ဂျောင်ကုရဲ့ပခုံးကိုပုတ်ပြီးနမ်ဂျွန်းကပဲ အားပေးစကားဆိုသည်။
"စိတ်ကိုအေးအေးထားပါ.. ဆော့ဂျင်ဘာမှမဖြစ်လောက်ပါဘူး"
တကယ်တော့နမ်ဂျွန်းကိုယ်တိုင်လည်းတော်တော်လေးကိုစိတ်ပူနေတာပါ။ အဲ့ဒါကြောင့်ဆော့ဂျင်အပေါ်မှာတော်တော်လေးသံယောဇဥ်ကြီးပုံရတဲ့ဂျောင်ကုအခုအချိန်မှာဘယ်လိုခံစားနေရတယ်ဆိုတာကိုနားလည်လို့သူဂျောင်ကုကိုအခုလိုနှစ်သိမ့်ပေးနေခြင်းဖြစ်ပါသည်။
"စုံထောက်ကြီး ဒီမှာထူးဆန်းတာတစ်ခုတွေ့တယ်"
CCTV ကိုစစ်ဆေးနေတဲ့ရဲသားလေးကပြောတော့နမ်ဂျွန်းရောဂျောင်ကုပါထိုရဲသားလေးအနားကိုအားတက်သရောပြေးသွားမိသည်။
"ဒီမှာထူးဆန်းတဲ့တက္ကစီတစ်စီးတွေ့တယ်။ မီးပွိုင့်မှာရုတ်တရက် ဂငယ်ကွေ့ကွေ့ပြီးမောင်းပြေးသွားလို့ယာဥ်ထိန်းရဲကရပ်ခိုင်းပေမယ့်မရပ်ပေးဘဲဆက်မောင်းသွားခဲ့တယ်။ ပြီးတော့မျက်ခြေပြတ်သွားတယ်"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...