Chapter 21: You Are Another Me

1.8K 265 26
                                    

"ကျွန်​တော့်အ​ပေါ်မှာ ဘာခံစားချက်မှမရှိဘူးလား"

"မရှိဘူး"

​အ​ရောင်လဲ့​နေတဲ့​ဆော့ဂျင်ရဲ့မျက်ဝန်း​လေး​တွေထဲမှာသူ့အ​​​ပေါ်ခံစားချက်တစုံတရာရှိ​နေတယ်ဆိုတာသူမြင်​နေရလို့ မျှော်လင့်ချက်ရှိမလားဆိုပြီးအရဲစွန့်ပြီး​မေးကြည့်​ပေမယ့် ​ဆော့ဂျင်ဆီကသူ​မျှော်လင့်ထားတဲ့အ​ဖြေကိုမရခဲ့ပါ။ ဒါ​ပေမယ့် အဲ့ဒီ့အ​ဖြေကိုသူလက်မခံချင်ပါ။ ပါးစပ်ကသာညာချင်ညာလို့ရပေမယ့် မျက်ဝန်း​တွေက​တော့ မညာတတ်ဘူးမဟုတ်လား။

​​"အဲ့ဒါလိမ်တာ"

​​ဆော့ဂျင်မျက်နှာပျက်သွား​ပေမယ့် ချက်ချင်းပြန်ထိန်းလိုက်ပြီး...

"ရယ်ရတယ်...ငါကမင်းကိုဘာလို့လိမ်ရမှာလဲ"

မလိမ်ဘူးဆိုတဲ့လူကဘာလို့သူ့မျက်လုံး​တွေကိုတည့်တည့်မကြည့်ရဲတာလဲ။ သူ့အကြည့်​တွေကို​ရှောင်​နေတဲ့​ဆော့ဂျင်​ကြောင့် သူ့ရဲ့ယုံကြည်ချက်​တွေပိုမိုခိုင်မာသွားခဲ့ရပြီ။ ​ဘာလို့များဝန်မခံချင်ရတာလဲ...

"အဲ့ဒါဆိုဘာလို့ကျွန်​တော်အဖမ်းခံရတယ်လို့သတင်း ကြားကြားချင်း ကျွန်​တော့်ဆီကိုဘာလို့အ​ပြေးလာတာလဲ...ကျွန်​တော့်ဘက်ကဘာလို့ လိုက်​ပြော​ပေးတာလဲ"

"ငါနဲ့တစ်အိမ်တည်း​နေဖူးတဲ့သူမို့လို့ ​ဝတ္တရားအရကူညီ​ပေးရုံသက်သက်ပဲ..အဲ့ဒီ့ထက်မပိုဘူး"

"တကယ်လား...တကယ်ပဲဝတ္တရားအရလား"

"ဟုတ်တယ်"

သူ့ရဲ့မျက်လုံး​တွေကိုစူးစိုက်ကြည့်​နေတဲ့​ဂျောင်ကုရဲ့အကြည့်ဒဏ်​တွေကိုခံနိုင်ရည်မရှိ​တော့ပါ။သူဒီထက်ပိုပြီးဟန်​ဆောင်မ​ကောင်းနိုင်​တော့လို့ သူ့အိတ်ထဲကဖုန်းကိုထုတ်ပြီး စိတ်ကူးထဲမှာ​ပေါ်လာတဲ့တစုံတ​ယောက်ကိုဖုန်းဆက်လိုက်တယ်။

"ဟဲလို...နမ်ဂျွန်းရှီ"

နမ်ဂျွန်းရဲ့နာမည်ကိုကြားလိုက်တာနဲ့​ဂျောင်ကုရဲ့မျက်နှာ သိသိသာသာပျက်ယွင်းသွားတာကိုသူသတိထားမိပါသည်။ မတတ်နိုင်ဘူး..သူ့မှာဒီနည်းလမ်းကလွဲရင်တခြားသုံးစရာမရှိ​တော့ဘူး။

Born To Love You (✔)Where stories live. Discover now