ဂိုဆောင်းဘင်းတို့ပြန်သွားပြီးကတည်းကဆော့ဂျင်အလုပ်ကိုအာရုံစိုက်လို့မရဖြစ်နေခဲ့သည်။ ခေါင်းတွေပူအောင်တွေးတောရလွန်းလို့စိတ်ပြေလက်ပျောက်ရင်အေးအောင် အအေးလေးသောက်ချင်တာနဲ့ vending machine ရှိရာသွားပြီး coke တစ်ဗူးကိုရွေးလိုက်သည်။
"တောက်! ဒီကောင်မလေးက ဘာလို့ငါ့ရှေ့မှာလာငိုရတာလဲ"
သူ့မျက်စိထဲမှာပေါ်ပေါ်လာတဲ့ဆောင်းဘင်းရဲ့ရှိုက်ကြီး တငင်ငိုနေတဲ့မျက်နှာ..ပြီးတော့ သူ့နားထဲကိုဝင်လာတဲ့သူ့အမေရဲ့စကားသံ.."ကျွန်မသားလေးမခိုးပါဘူး....မတရားစွပ်စွဲခံရတာခံပြင်းလွန်းလို့သူမျက်ရည်ကျတာပါ"
"ဒေါက်...ဒေါက်...ဒေါက်"
ဆော့ဂျင် ခေါင်းတွေနောက်လွန်းလို့ နံရံနဲ့ခေါင်းနဲ့အကြိမ်ကြိမ်စောင့်နေမိသည်။
"ဒေါက်..ဒေါက်..ဖတ်"
ရုတ်တရက်အိစက်တဲ့အထိအတွေ့ကိုခံစားလိုက်ရလို့ သူလှည့်ကြည့်လိုက်တော့ သူ့ခေါင်းနဲ့ နံရံကြားမှာ လက်ဖဝါးလေးနဲ့ကာပေးထားတဲ့နမ်ဂျွန်း..
"ဘာလို့နံရံနဲ့ခေါင်းနဲ့စောင့်နေတာလဲ..ခေါင်းတွေနာကုန်တော့မှာပဲ"
သူနမ်ဂျွန်းကို 'ခင်ဗျားကိစ္စမဟုတ်ပါဘူး' လို့ဘုပြောဖို့လုပ်ပြီးမှ တကယ်စိတ်ပူနေပုံရတဲ့နမ်ဂျွန်ရဲ့အကြည့်တွေကြောင့် ဘာမှမပြောဘဲ အဲ့ဒီနေရာကနေထွက်လာခဲ့ပြီးမှတခုခုသတိရသွားဟန်ဖြင့် နောက်ပြန်လှည့်လာပြီး...
"ဒီမှာ..တစ်ခုလောက်မေးလို့ရမလား"
တစ်ခါမှ သူ့ကိုစကားစမပြောဖူးတဲ့ဆော့ဂျင်ကထူးထူးဆန်းဆန်းစကားလာပြောတော့ နမ်ဂျွန်ပျော်သွားပြီး ပါးချိုင့်တွေခွက်ဝင်တဲ့အထိပြုံးလိုက်မိသည်။
"မေးလေ"
"ရှေ့နေဆိုတာ ကိုယ့်အမှုသည်ရဲ့စကားကိုအမြဲတမ်းယုံကြည်ပေးရလား"
"အင်း... အမြဲယုံကြည်ပေးရင်တော့ ဒုက္ခရောက်မှာပေါ့ တရားရုံးရောက်လို့ကိုယ့်အမှုသည်ဆိုပြီးကာကွယ်ပေးကာမှ သူတို့လိမ်ထားတာပေါ်သွားရင်ကြားထဲက ရှေ့နေပဲအမှုရှုံးရမှာ"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...