Chapter 17: Be Happy, My Love

1.7K 262 11
                                    

ဒုတိယအကြိမ်ရုံးချိန်းကလည်းတဖြည်းဖြည်းနီးလာ​တော့ ​ဆော့ဂျင်အလုပ်​တွေ အရမ်းများ​နေခဲ့သည်။
​ဂျောင်ဟယ်လင်းကလည်းအဆက်အသွယ်မလုပ်သေး​တော့ စိုးရိမ်မှုကလည်းလွန်ကဲ​နေ​ပြီ။ ဒီရက်ပိုင်း​ဂျောင်ကုနဲ့လည်းမျက်နှာချင်းမဆိုင်ဖြစ်။ ​ဂျောင်ကုမျက်နှာမ​ကောင်းဖြစ်​နေတာကိုသတိထားမိ​ပေမယ့် ထုတ်မ​မေးမိ။ စာ​မေးပွဲနီးလို့ စိတ်ဖိစီးမှုအရမ်းများ​နေတယ်လို့ပဲကိုယ့်ဘာသာကိုယ်​ကောက်ချက်ချပြီး အလုပ်ထဲကိုသာအာရုံစိုက်​နေခဲ့သည်။ ​​

နောက်ဆုံး​တော့ ဒုတိယအကြိမ်ရုံးချိန်း​နေ့ကို​ရောက်
လာခဲ့ပြီ။ ညကတစ်ညလုံးစိတ်လှုပ်ရှား​နေတာနဲ့​တော်​တော်နဲ့အိပ်မ​ပျော်ခဲ့တဲ့​ဆော့ဂျင်..မိုးလင်းခါနီးမှအိပ်​ပျော်သွားလို့ အိပ်ရာထ​နောက်ကျခဲ့သည်။ အိပ်ရာက​နေလူးလဲထပြီး တရားရုံးသွားဖို့မြန်မြန်ပြင်ဆင်ရသည်။

"သွား​တော့မလို့လား..မနက်စာမစားဘူးလား"

အခန်းထဲက​နေပြာပြာသလဲ​ပြေးထွက်လာတဲ့​ဆော့ဂျင်ကို​ဂျောင်ကုထမင်းပွဲပြင်ရင်းလှန်း​မေးလိုက်သည်။

"​နောက်ကျ​နေပြီ...သွား​တော့မယ်"

ဖိနပ်ကိုအလျင်အမြန်ဝတ်ပြီး​အပြင်ကိုပြေးထွက်သွားတဲ့​ဆော့ဂျင်ရဲ့​နောက်ကို​ဂျောင်ကုလိုက်သွားပြီး...

"ဗိုက်​ဟောင်း​လောင်းနဲ့သွားလို့ဘယ်ဖြစ်မလဲ...​ရော့..နွားနို့ဖြစ်ဖြစ်​သောက်သွား"

​ဆော့ဂျင်လက်ထဲကိုနွားနို့ဗူး​လေးအတင်းထိုး​ပေးသည်။​ဆော့ဂျင်လည်းငြင်းမ​နေနဲ့​ဂျောင်ကုစိတ်ချမ်းသာ​အောင်ဗူးကိုလှမ်းယူလိုက်ပြီးတစ်ကျိုက်တည်း​မော့​သောက်လိုက်သည်။

"သွား​တော့မယ်..​နောက်ကျ​နေပြီ"

"​အရမ်းမ​ပြေးနဲ့ ​ချော်လဲလိမ့်မယ်။ လှေကား​ပေါ်ကအဆင်းသတိထားဦး​နော်...စိတ်လည်းအရမ်းမ​လောနဲ့"

​​ဂျောင်ကုက​တော့​​လှေကား​ပေါ်က​နေ​ပြေးဆင်းသွားတဲ့​ဆော့ဂျင်ကိုကြည့်ပြီးအ​နောက်က​နေတတွတ်တွတ်မှာရင်းကျန်​နေခဲ့​တော့သည်။ ညှိုးငယ်တဲ့မျက်နှာနဲ့သက်ပြင်းချရင်း​ဂျောင်ကုအိမ်ထဲပြန်ဝင်သွားသည်။သူ့အိပ်ခန်းထဲကအသင့်ပြင်ထားတဲ့အဝတ်အိတ်က​လေးကိုယူပြီး ဧည့်ခန်းထဲကဆိုဖာ​ပေါ်မှာထိုင်ရင်း သူ့မှတ်စုစာအုပ်ထဲမှာညှပ်ထားတဲ့သတင်းစာစက္ကူအပိုင်းအစ​လေးကိုထုတ်ကြည့်လိုက်တယ်။ ထိုသတင်းစာဖြတ်ပိုင်း​လေးမှာ စာလုံးအမည်းနဲ့​ရေးထားတဲ့သတင်း​ဆောင်းပါးတစ်ခု... "ဂန်နမ် ရဲ့နာမည်ကြီး plastic surgeon ​ဒေါက်တာ ဂျွန်ဝူထယ် တရားစွဲခံရခြင်း"

Born To Love You (✔)Where stories live. Discover now