Chapter 2: Memories I Want to Erase

2.6K 324 5
                                    

မွေး​နေ့ပွဲတက်​ရောက်လာတဲ့လူ​ကုံတန်တွေခြံထဲမှာရယ်​မော​ပျော်ရွှင်​နေကြ​ပေမယ့် ​ဆော့ဂျင်နဲ့သူ့အ​မေက​တော့ မီးဖို​ချောင်ထဲမှာ ​​ချွေးတလုံးလုံးနဲ့အလုပ်များ​နေဆဲ....

"အ​မေ.. အခုအချိန်ထိဧည့်သည်​တွေမပြန်ကြ​သေးဘူးလား။ သား ဗိုက်အရမ်းဆာ​နေပြီ။ ပြီး​တော့ အိမ်​နောက်​ဖေးနဲ့အိမ်​ရှေ့ကို​ခေါက်တုံ့​ခေါက်ပြန်​လျှောက်​နေရတာ အရမ်းပင်ပန်း​နေပြီ"

"အလုပ်များရတဲ့အထဲ အာရုံလာမ​နောက်စမ်းနဲ့​
ဆော့ဂျင်ရယ်.. နင့်ကိုလာကူပါဆိုပြီးငါခိုင်းလို့လား။ နင့်ဘာသာနင် ဒီမှာလာကူလုပ်တာမဟုတ်ဘူးလား"

"​ဪ..ဒါက​တော့အ​မေတစ်​ယောက်တည်းအလုပ်ရှုပ်​နေတာကိုမကြည့်ရက်လို့​ပေါ့"

"အဲ့ဒါဆိုလည်း ပါးစပ်ပိတ်ပြီး ငြိမ်ငြိမ်​နေစမ်းပါ​"

"မပိတ်နိုင်​ပေါင်။ ​ပြောစရာရှိတာကို​တော့​ပြောရမှာပဲ။ အခုလိုလူ​တွေအများကြီးဖိတ်မယ်ဆိုရင် အလုပ်သမားကိုလုံလုံ​လောက်​လောက်ငှားထား​ပေါ့။ အခု​တော့ အ​မေတစ်​ယောက်တည်း ချက်ပြုတ်ရ၊ စားပွဲထိုးရနဲ့ ဘယ်​လောက်ပင်ပန်းလဲ။ သူ​ဌေး​တွေဖြစ်ပြီး အလုပ်သမား​ငှားဖို့ကျ​တော့ ကပ်​စေးနည်း​နေတယ်"

နှုတ်ခမ်း​လေး​တွေစူထော်​နေ​ပြီး rap ရွတ်သလို​ပြော​နေတဲ့ ချစ်စရာ ​ဆော့ဂျင်​လေးကို ချစ်စနိုးနဲ့ကြည့်လိုရင်း ချစ်ခြင်းများစွာဖြင့်ငယ်ထိပ်ကိုအားရပါးရခေါက်လိုက်သည်။

"​ဒေါက်"

"အ​မေ့!"

"အပို​တွေ​လျှောက်​ပြောမ​နေနဲ့​ဆော့ဂျင်။ တစ်​ယောက်​ယောက်ကြားသွားရင်ဘယ်လိုလုပ်မလဲ။ ပြီး​တော့ သူ​ဌေးက​တော်က လူထပ်ငှားဖို့​ပြောပါတယ်။ အ​မေကတစ်​ယောက်တည်း လုပ်နိုင်တယ်ဆိုလို့ မငှား​တော့တာ။ သူ​ဌေးက​တော်ကလက်လည်းဖွာတယ်။ ဒီ​နေ့အတွက်အ​မေ့ကိုလုပ်အားခနှစ်ဆ​ပေးမယ်တဲ့"

လက်က​လေးနှစ်​ချောင်း​ထောင်ပြပြီးဝမ်းသာအားရ​ပြော​နေတဲ့အ​မေ့ကိုကြည့်ပြီး​ဆော့ဂျင်သက်ပြင်းချမိသည်။ အ​မေဘာ​ကြောင့်​ငွေ​တွေအသည်းအသန်ရှာ​နေလဲသူသိတာ​ပေါ့။ ​နောက်နှစ်ဆို အထက်တန်း​​ကျောင်းသားဖြစ်​တော့မယ့်သူ့ကို ​ကျောင်း​ကောင်း​ကောင်းထား​ပေးနိုင်ဖို့အခုလိုကြိုးစားပြီး​ငွေရှာ​နေတဲ့အ​မေ့ကိုသူသနားမိသည်။

Born To Love You (✔)Where stories live. Discover now