Chapter 11: Unexpected Twist

1.8K 258 13
                                    

သူ့ကိုမှတ်မိပုံမရတဲ့နိုဂျီ​ချောကို ​ဂျောင်ကု ​မသိချင်​ယောင်​ဆောင်ဖို့ဆုံးဖြတ်လိုက်သည်။ သူလည်းအရင်တုန်းကလို ၁၀နှစ်အရွယ်မှမဟုတ်​တော့တာ။ နိုဂျီ​ချောမမှတ်မိတာမဆန်းပါဘူး။ သူ​ကျောခိုင်းပြီးလှည့်အထွက်နိုဂျီ​ချောက...

"ဂျွန်​..ဂျောင်..ကု"

မထင်မှတ်ထားတဲ့​ခေါ်သံ​ကဂျောင်ကုရဲ့​ခြေလှမ်းတွေကိုတုန့်ခနဲရပ်​စေသည်။

"ဂျွန်​ဂျောင်ကု..ဟုတ်တယ်မှတ်လား။ wow! ဘာလို့ဒီ​လောက်​တောင်မင်းအ​ဖေနဲ့ချွတ်စွတ်တူ​နေရတာလဲ"

သူ့နားကိုတစ်လှမ်းချင်း​လျှောက်ရင်း​ပြောလာတဲ့
နိုဂျီ​ချော...

"ဒီအရွယ်​တောင်​ရောက်သွားပြီလား?ဟင်း..ဟင်း..​အေး​ပေါ့​လေ ၉နှစ်​တောင်ကြာခဲ့ပြီကိုး။ ​အခုလိုချက်ခြင်း​ရောက်လာပုံ​ထောက်ရင်တော်​တော်စိတ်မြန်လက်မြန်ရှိပုံပဲ။နောက်မှ​အေး​ဆေးလာ​တွေ့ဖို့စဥ်းစားထားတာကို"

"ဒီမှာ..ခင်ဗျားကိုဒီအထိလာ​တွေ့တယ်ဆိုတာက ခင်ဗျားကိုလုံးဝမ​ကြောက်ဘူးဆိုတာကိုပြချင်လို့။ အရင်လိုအားနည်းတဲ့ ​ကောင်​လေးမဟုတ်​တော့ဘူးဆိုတာကိုပြချင်လို့..အဲ့​တော့ ခင်ဗျားဘာသာ ဘာအစီအစဥ်ပဲရှိရှိစိတ်မဝင်စားဘူး"

​နိုဂျီ​ချောကဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး..

"ဟား..ဟား..ဟား... ဒီလိုဆိုရင်ဘယ်စိတ်ဝင်စားစရာ​ကောင်းပါ့မလဲ။ မ​ကြောက်ဘူးတဲ့လား..."

"​ဟုတ်တယ်..လုံးဝပဲ။ အဲ့ဒါ​ကြောင့် ခင်ဗျားမှာဘာအစီအစဥ်ပဲရှိရှိ ထိပ်တိုက်ရင်ဆိုင်ဖို့အဆင်သင့်ပဲ"

"ကြည့်ရတာ​​တော့ ငါ့ကိုရင်ဆိုင်ဖို့​တော်​တော်ပြင်ဆင်ထားပုံပဲ။ အဲ့ဒါဆိုရင်​တော့ ကစားပွဲကဘယ်လှ​တော့မလဲ။ ငါ့နာမည်ကြားတာနဲ့ထိတ်လန့်​နေ​စေချင်တာ။ ဘယ်အချိန်ငါ့​ရှေ့​ရောက်လာမလဲဆိုတဲ့စိုးရိမ်စိတ်နဲ့​ကြောက်ရွံ့​နေ​စေချင်တာ"

"အဲ့လိုထင်ရင် ခင်ဗျားမှားသွားမှာ​ပေါ့။ အချိန်မ​ရွေးကြိုက်တဲ့တိုက်ကွက်ထုတ်သုံးပြီးလာလို့ရတယ်"

Born To Love You (✔)Where stories live. Discover now