'အလွမ်း'ဆိုတာမျိုးက ပြောတော့သာလွယ်သလိုလိုနဲ့တကယ်တမ်းလွမ်းကြည့်တော့ အားမစိုက်ရဘဲတော်တော်ပင်ပန်းတာ....
မနက်အိပ်ရာထတာနဲ့ပုံမှန်လေ့ကျင့်ခန်းလုပ်တတ်တဲ့ကောင်လေးက ဒီနေ့တော့ ဘာလေ့ကျင့်ခန်းမှမလုပ်နိုင်ဘဲအခန်းထဲမှာကဏှာမငြိမ်ဖြစ်နေရသည်။
"တောက်! ဒီလိုမှန်းသိရင် ဆောင်းဘင်းတို့အိမ်ကအ ပြန် shopping လေးဘာလေးထွက်ခဲ့ပါတယ်။ အခုတော့ငါ့မှာအားကစားဝတ်စုံကလွဲပြီး ဝတ်စရာဘာမှမရှိပါလား"
shopping ထွက်ရမှာပျင်းခဲ့တဲ့ကိုယ့်ကိုယ်ကို ပထမဆုံးအကြိမ်အပြစ်တင်မိခြင်းပင်.. ဂျောင်ကုတစ်ယောက် ဗီဒိုကိုစိတ်ပျက်လက်ပျက်နဲ့ပိတ်လိုက်ပြီး ကိုယ်လုံးပေါ် မှန်ရှေ့မှာကိုယ့်ပုံကိုပြန်ကြည့်ရင်း...
"မတတ်နိုင်ဘူး ဒါပဲဝတ်သွားရမှာပဲ"
Tshirt အဖြူပေါ်မှာ Fila tracksuit အနီလေးကို ဂျင်းဘောင်းဘီအနက်နဲ့ပေါ့ပေါ့ပါးပါးတွဲဖက်ဝတ်ဆင်ပြီးနောက်..
"မဆိုးပါဘူး"
မှန်မှာပေါ်နေတဲ့ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီးမှတ်ချက်ချသည်။ ထို့နောက်စားပွဲပေါ်မှာလှလှပပရှိနေခဲ့တဲ့လိပ်စာကဒ်လေးကိုတယုတယနဲ့ကိုင်ကြည့်ပြီး ယုန်သွားလေးတွေပေါ်လာတဲ့အထိပြုံးသည်။
"ရှေ့နေတဲ့လား... သူနဲ့လိုက်ဖက်တဲ့အလုပ်ကိုသေချာရွေးတတ်တာပဲ"
သူ့မျက်လုံးထဲမှာ သတ္တိအပြည့်နဲ့တောက်ပနေတဲ့မျက်နှာလေးကပေါ်လာပြန်တော့..
"သူ.. ဘယ်လိုပုံစံများဖြစ်နေမလဲမသိဘူး။ အရမ်းကြည့်ကောင်းနေမှာအသေအချာပဲ"
စိတ်ကူးကြည့်မိရုံနဲ့တင် ရင်တွေတလှပ်လှပ်။
"သူနဲ့တွေ့ရင် ဘာတွေပြောရမလဲ?"
"မတွေ့ရတာကြာပြီနော်...ကျွန်တော့်ကိုမှတ်မိလား? ဟာ! မဟုတ်သေးပါဘူး။ အရမ်းရိုးလွန်းတယ်..ဘယ်လိုနှုတ်ဆက်ရင်ကောင်းမလဲ"
"Seokjinnie hyung.. ကျွန်တော် ဂျောင်ကုကီပါ..တောက်! အဲ့လိုနှုတ်ဆက်ရအောင်ငါက ကလေးလေးမှမဟုတ်တာ"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...