Chapter 13: Challenge Accepted

1.8K 261 13
                                    

"မင်း ကုတင်နဲ့ဗီဒိုဝယ်ပြီးပြီ​လေ..မပြီး​သေးဘူးလား။ ဘာ​တွေဒီ​လောက်​တောင်ဝယ်​နေတာလဲ"

သူလိုအပ်တဲ့အိုးခွက်ပန်းကန်​တွေကို​သေချာ​ရွေးပြီးဝယ်​တာကြာ​နေ​တော့ ​ဆော့ဂျင်တစ်​ယောက်နှုတ်ခမ်းကစူချင်လာသည်။ တကယ်​တော့ ဒါ​တွေအားလုံးကသူ့အတွက်ချည်းပဲမဟုတ်ပါဘူး။ ဖြစ်သလို စား​သောက်​နေတဲ့​ဆော့ဂျင်အတွက်အိမ်ထမင်းအိမ်ဟင်း​လေးပုံမှန်ချက်ပြုတ်​ပေးနိုင်​အောင်စီစဥ်​နေခြင်းပါ။

"လိုအပ်လို့​ပေါ့။ ခင်ဗျားအိမ်မှာဘာမှမရှိဘူး​လေ။ ကျွန်​တော်က အိမ်မှာကိုယ်တိုင်ချက်ပြုတ်စားရတာကိုပဲကြိုက်တယ်။ အပြင်စာမစားနိုင်ဘူး"

"ဇီဇာ​ကြောင်လိုက်တာ"

"အဲ့ဒါကိုကိုယ့်ကိုယ်ကိုဂရုစိုက်တယ်လို့​ခေါ်တယ်"

"Heol"

​သူ့ရဲ့စကားကို ဂရုမစိုက်ဟန်နဲ့မဲ့ရွဲ့ပြတဲ့​ဆော့ဂျင်ရဲ့ပါး​ဖောင်း​ဖောင်း​လေး​တွေကို နာ​သွားအောင်ဆွဲပစ်ချင်တဲ့စိတ်ကိုမနည်းထိန်းချုပ်ထားရသည်။

"ဘာဝယ်ဦးမှာလဲ"

"​ရေချိုးခန်းသုံးပစ္စည်း​တွေဝယ်ပြီးရင်ပြီးပါပြီ"

"ပြီး​ရော..ငါဟို​နားမှာဘာ​တွေရှိလဲ​လျှောက်ကြည့်လိုက်ဦးမယ်"

သူ​ခေါင်းညိတ်ပြလိုက်​တော့ ​ဆော့ဂျင်သူ့နားက​နေ ထွက်သွားပြီး စင်​ပေါ်ကပစ္စည်း​လေး​တွေကိုလိုက်ကြည့်​နေသည်။

"​ဂျောင်ကု..​ဂျောင်ကု"

ဘာ facial foam ဝယ်ရင်​ကောင်းမလဲ​ရွေး​နေတဲ့​ဂျောင်ကု သူ့နာမည်ကို​ခေါ်ပြီး​အနားကို​ရောက်လာတဲ့​ဆော့ဂျင်​ကြောင့် ​​အဆင်​ပြေတာတစ်ခုကိုပဲ​ရွေးပြီး​စျေးဝယ်ခြင်းထဲထည့်လိုက်သည်။

"ဘာလဲ"

"ဟိုဘက်က ပစ္စည်း​တွေက one plus one တဲ့"

"အဲ့​တော့ဘာဖြစ်လဲ"

"လာခဲ့"

​ဂျောင်ကုလက်ကိုအတင်းလာဆွဲ​လို့ သူလည်း​ဆော့ဂျင်​ခေါ်တဲ့​နောက်ကိုအလိုက်သင့်လိုက်သွားလိုက်သည်။

Born To Love You (✔)Where stories live. Discover now