"ဒီနေရာကိုလာခဲ့ဖို့ချိန်းတာ ဘာအတွက်လဲ"
ချိန်းထားတဲ့နေရာကိုရောက်ရောက်ချင်းမေးလာတဲ့ နိုဂျီချောရဲ့အမေးကိုဂျောင်ကုချက်ချင်းမဖြေသေးပဲ သူသိမ်းထားတဲ့သတင်းစာဖြတ်ပိုင်းလေးကိုနိုဂျီချောဆီလှမ်းပေးလိုက်သည်။
"ဘာလဲ...စုံစမ်းပြီးပြီလား"
"ဟုတ်တယ်"
သူ့အဖေနဲ့ နိုဂျီချောရဲ့ပတ်သက်မှုကိုသူအကြောင်းစုံသိပြီးတဲ့နောက် နိုဂျီချောနဲ့မျက်နှာချင်းဆိုင်ရှင်းရန်ချိန်းလိုက်ခြင်းဖြစ်သည်။
"အဲ့ဒါဆို ငါ့ကိုတွေ့ချင်တဲ့အကြောင်းက..."
"တောင်းပန်ချင်လို့ပါ"
"ဘယ်လို.."
သူလုံးဝထင်မထားတဲ့စကားကိုဂျောင်ကုဆီကကြား လိုက်ရတော့ နိုဂျီချောတော်တော်လေးအံ့ဩသွားမိသည်။ ဒီကောင်လေးက..သူ့ကို..ဘာလို့လဲ?
"နောက်ကျသွားပြီဆိုပေမယ့်..ကျွန်တော့်အဖေရဲ့ကိုယ်စားကျွန်တော်ကပဲတောင်းပန်ပါတယ်"
"အခုမှလာပြီး...ဘာလို့လဲ"
ညသန်းခေါင်အချိန်ဖြစ်လို့ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ နိုဂျီချောရဲ့ဒေါသတကြီးအော်ဟစ်သံက သူ့နားမှာကျယ်လောင်စွာထွက်ပေါ်လာသည်။
"အဲ့တုန်းက...အဲ့တုန်းက... မင်းအဖေက စိတ်ရင်းနဲ့တောင်းပန်ပါတယ်ဆိုတဲ့စကားတစ်ခွန်းပဲ ငါ့ကိုပြောခဲ့မယ်ဆိုရင်..အရာအားလုံးကိုဘာမှမဖြစ်ခဲ့သလိုကျော် သွားမိမှာ..အားလုံးပြီးခဲ့ပြီပဲ..ဒါမှားယွင်းမှုသက်သက်တစ်ခုပဲဆိုပြီး မင်းအဖေကိုခွင့်လွှတ်ဖို့ကြိုးစားမိမှာ"
နာကျင်မှုကြောင့်ကျလာတဲ့မျက်ရည်တွေကိုလက်နဲ့ခပ်ကြမ်းကြမ်းသုတ်ရင်း ပြောလာတဲ့ နိုဂျီချောကိုမြင်တော့သူစိတ်မကောင်းဖြစ်မိတာတော့အမှန်ပဲ။ ဒါပေမယ့်အမုန်းတွေကတော့ပြေသင့်ပြီမဟုတ်လား။ သူ့အဖေတစ်ယောက်လုံးအသက်ပေးခဲ့ရပြီးပြီပဲ။ အခုအချိန်အထိဘာကိုမကျေနပ်နိုင်ဖြစ်နေသေးတာလဲ။
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...