Chapter 15: Another Struggle

1.6K 263 5
                                    

စိတ်ညစ်ညစ်နဲ့ညက​စော​စောအိပ်ရာဝင်ခဲ့လို့လားမသိ မနက်အိပ်ရာနိုး​တော့ ​လူက​တော်​တော်​လေးလန်းဆန်း​နေသည်။ ​ဆော့ဂျင်အခန်းထဲကထွက်လာ​တော့ ဂျောင်ကု ​တောင်မနိုး​သေး​ပေ။ ဒီ​နေ့မှထူးထူးခြားခြား​အ​စောကြီးနိုး​နေတဲ့​ဆော့ဂျင် မနက်စာပြင်ရန်​ရေခဲ​သေတ္တာကိုဖွင့်ကြည့်လိုက်သည်။ သူတစ်​ယောက်တည်း​နေတုန်းက ​ရေသန့်ဘူးကလွဲပြီးဘာမှမရှိတဲ့​ရေခဲ​သေတ္တာက ​ဂျောင်ကု​ရောက်လာမှပဲ ဟင်းချက်စရာ​တွေနဲ့ပြည့်​နေ​တော့သည်။ ​ဆော့ဂျင် cabinet ထဲက instant rice ၂ ဗူးကို microwave ထဲထည့်​နေတုန်း​ဂျောင်ကုအိပ်ရာက​နေနိုးလာသည်။

"အ​စောကြီးနိုး​နေပါလား"

ဒီအချိန်အိပ်ရာထ​လေ့မရှိတဲ့​ဆော့ဂျင်ကို​တွေ့လိုက်ရလို့အံ့ဩဟန်ဖြင့်​ဂျောင်ကု​မေးလိုက်သည်။

"အင်း"

​ဆော့ဂျင်က microwave ထဲက​နေ instant rice ဗူးကိုထုတ်ရင်း​​ဂျောင်ကုရဲ့အ​မေးကိုပြန်ဖြေသည်။

"ဘာ​တွေလုပ်​နေတာလဲ"

"မနက်စာ​လေ.. bibimbap"

​ဆော့ဂျင်ရဲ့ bibimbap ကလည်းအဆန်း... အဖုံးပါတဲ့ ပလပ်စတစ်ဗူးထဲကို ထမင်း၊ ကင်ချီ၊ ကြက်ဥ​ချောင်း၊ ငရုတ်သီးအနှစ် နဲ့နှမ်းဆီ ကိုအရင်ထည့်လိုက်သည်။ ပြီးမှ ထိုဗူးကိုအဖုံးလုံ​အောင်ပိတ်လိုက်ပြီး သုံး​၊​လေးချက်​လောက်လှုပ်လိုက်သည်။ ပြီး​တော့မှ ဗူးထဲက ​ရောသမှ​မွှေထားတဲ့ထမင်း​တွေကိုပန်းကန်နှစ်ခုထဲအညီအမျှခွဲထည့်လိုက်သည်။ ​အသင့်​ကြော်ထားတဲ့ကြက်ဥ​ကြော်ကို ထမင်း​ပေါ်တင်၊ နှမ်းအနည်းငယ်ဖြူးလိုက်ခြင်းဖြင့် ​ဆော့ဂျင်ရဲ့အဆင့်မြင့် bibimbap ပြင်ဆင်ခြင်းပြီးဆုံးသွားသည်။ ​ဆော့ဂျင်လုပ်သမျှကို ပါးစပ်အ​ဟောင်းသားဖြင့်သာ​ဂျောင်ကု​ငေး​နေနိုင်​တော့သည်။

"အဲ့ဒါဘာကြီးလဲ"

"Bibimbap ​လေ"

"Bibimbap ဆိုတာဇွန်းနဲ့​သေချာနှံ့​အောင်နယ်မှအရသာရှိမှာ​ပေါ့"

"စားလည်းစားကြည့်ပါဦး...ဇွန်းနဲ့အကြာကြီးနယ်​နေရရင်လက်​​ညောင်းတာ​ပေါ့။ အခုလို ဉာဏ်ကိုလွှာပြီးသုံးလိုက်​တော့ အချိန်ကုန်လည်းသက်သာတယ်၊ လူလည်းမပင်ပန်း​တော့ဘူး​ပေါ့"

Born To Love You (✔)Where stories live. Discover now