ဆော့ဂျင်အိမ်ပြန်ရောက်ရောက်ချင်း အိပ်ခန်းထဲတောင်မသွားနိုင်ဘဲဧည့်ခန်းထဲကဆိုဖာပေါ်မှာတင်လှဲချလိုက်သည်။ သူ့အခန်းလေးကဈေးသက်သာပေမယ့် သိပ်အကျဥ်းကြီးတော့မဟုတ်။ အခန်း၂ခန်းအပြင် ပရိဘောဂတွေပါတဲ့အတွက်ဆော့ဂျင်လိုတစ်ကိုယ်တည်းသမားတွေအတွက်အဆင်ပြေသည်။
အိမ်ရှင်တွေကလည်းသဘောကောင်းကြတဲ့အပြင်အေးအေးချမ်းချမ်းနေကြတဲ့အတွက်ဆော့ဂျင်လို ဆူညံတာမကြိုက်တဲ့သူတစ်ယောက်အတွက် ထိုအိမ်လေးကနေရတာသက်တောင့်သက်သာရှိတယ်လို့ပြောလို့ရသည်။ လှေကားတွေအများကြီးတက်ရတာရယ်၊ လမ်းမီးတွေခဏခဏပြတ်တတ်တာရယ်ကလွဲရင် အပြစ်ဆိုစရာသိပ်မရှိ။
ဒါပေမယ့် ဆော့ဂျင်မှောင်တာကိုမုန်းပါသည်။ ညနေရုံးဆင်းလို့အိမ်ပြန်လာတိုင်း အမှောင်ထဲကနေတစုံတယောက်စိုက်ကြည့်နေသလိုခံစားရတာကိုမနှစ်မြို့ပါ။ လူသတ်သမားရဲ့ 'ငါဆက်ဆက်ပြန်လာခဲ့ဦးမှာ' ဆိုတဲ့စကားကိုစိတ်စွဲနေလို့လည်းပါမှာပေါ့။ ၉နှစ်ကျော်ကြာနေပေမယ့် တချိန်ချိန်ထောင်ကထွက်လာခဲ့ရင် သူ့ဆီပြန်လာဦးမလားဆိုတဲ့စိုးရိမ်စိတ်နဲ့နေနေရတဲ့သူ့ဘဝကိုစိတ်ကုန်နေပါပြီ။
ဘာပဲဖြစ်ဖြစ်ဒီနေ့တော့ဆော့ဂျင် စိတ်အေးလက်အေးနဲ့အိမ်ပြန်ရောက်လာတာကိုဝမ်းသာမိတယ်။ သူ့ကိုအိမ်အထိလိုက်ပို့ပေးတဲ့ ဆောင်းဘင်းရဲ့သူငယ်ချင်းကိုစိတ်ထဲကနေကျိတ်ပြီးကျေးဇူးတင်မိတာတော့အမှန်ပဲ။
"ဒါနဲ့..ခုနကငါ့ကိုလိုက်ပို့ပေးတဲ့ဆောင်းဘင်းရဲ့သူငယ်ချင်းနာမည်ကို ငါမမေးမိဘူးပဲ"
သူနဲ့ ၃ခေါက်လောက်တွေ့ဖြစ်ကြပေမယ့် အဲ့ဒီ့ကောင်လေးရဲ့နာမည်ဘယ်လိုခေါ်လဲသူမမေးမိ။ အမှုကိုပဲအာရုံစိုက်နေမိလို့လည်းဖြစ်နိုင်ပါသည်။
"သိစရာလည်းမလိုပါဘူးလေ..ဆောင်းဘင်းကိစ္စပြီးသွားရင် ထပ်တွေ့စရာမှမလိုတော့တာ"
YOU ARE READING
Born To Love You (✔)
Fanfiction(Unicode) အချစ်ဦးဆိုတာ... ပိုင်ဆိုင်စရာလည်းမဟုတ်ဘူး ထိတွေ့စရာလည်းမဟုတ်ဘူးတဲ့ စိတ်ကူးနဲ့ပဲ တစိမ့်စိမ့်ကြည့်ပြီးကြည်နူးနေရတာတဲ့ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့အချစ်ဦးကို တစိမ့်စိမ့်ကြည့်ပြီးတော့လည်းကြည်နူးမယ်... ပိုင်ဆိုင်နိုင်အောင်လည်းကြိုးစ...