Chapter 12: Dilemma

1.8K 285 8
                                    

​ဆော့ဂျင်ချ​ပေးတဲ့​ကော်ဖီကိုတစ်ငုံ​သောက်လိုက်ပြီး
အွန်းချယ်ရီ ဖြစ်​ကြောင်းကုန်စင်ကိုရှင်းပြဖို့စိတ်ကိုပြင်ဆင်လိုက်သည်။

"ဒီလိုပါ..တကယ်​တော့ Sky နဲ့ကျွန်မနဲ့ကချစ်သူ​တွေပါ။ သာမန်မိသားစုက​နေဆင်းသက်လာပြီးဘာဂုဏ်ဒြပ်မှမရှိတဲ့ကျွန်မအတွက် Sky ဆိုတဲ့ idol တစ်​ယောက်ရဲ့ချစ်သူဖြစ်ရတာ သိန်းထီ​ပေါက်သလိုကံ​ကောင်းတယ်လို့ဆိုရမှာ​ပေါ့။ အစပိုင်းမှာ​တော့ဘာပြဿနာမှမရှိခဲ့ပါဘူး။ သူကလည်းအရမ်းဂရုစိုက်ပြပြီးချစ်ပုံရ​တော့ အချစ်စစ်​တွေ့ပြီဆိုပြီး​ပျော်မဆုံးဖြစ်​နေခဲ့တာ​ပေါ့"

အွန်းချယ်ရီကသူ့စကားကိုခဏရပ်လိုက်ပြီး​ကော်ဖီတစ်ငုံထပ်​သောက်လိုက်သည်။ ​ဆော့ဂျင်က​တော့ အွန်းချယ်ရီ​ပြောသမျှကိုစိတ်ဝင်တစားဂရုစိုက်​နား​ထောင်​နေသည်။

"ကျွန်မတို့တွဲပြီး ၂လအကြာမှာပြဿနာစတာပဲ။ သူကအရမ်းသဝန်တိုတတ်တယ်။ ​ယောက်ျား​လေးသူငယ် ချင်း​တွေနဲ့စကား​ပြောရင်​တောင်ကြိုက်တာမဟုတ်ဘူး။အစက​တော့သဝန်တိုတာချစ်လို့ဆိုပြီးနားလည်​ပေးခဲ့တယ်။​နောက်ပိုင်း လက်​တွေ​ခြေ​တွေပါလာ​တော့ ကျွန်မသူ့ကို​ကြောက်လာမိတယ်"

​အွန်းချယ်ရီက သူ့အင်္ကျီလက်ကိုပင့်ပြီးသူ့လက်​ပေါ်ကညိုမဲ​နေတဲ့အရှိုးရာ​တွေကိုပြ​တော့​ဆော့ဂျင်စိတ် မကောင်းဖြစ်မိသည်။ ငယ်ရွယ်တဲ့မိန်းက​လေးတစ်​ယောက်ကိုအခုလိုလူမဆန်စွာရိုက်နှက်တဲ့​ကောင်ကိုလည်းစိတ်ထဲက​နေကျိန်ဆဲမိ​သေးသည်။

"အခုလိုစိတ်ရှိလက်ရှိရိုက်ပြီးသွားရင်လည်း ​ခြေ​ထောက်ကိုဖတ်မတက်ဒူး​ထောက်ပြီး​တောင်းပန်​လေ့ရှိတယ်။ အဲ့လိုအချိန်ကျရင် ငါ့ကိုချစ်လို့သဝန်တိုတာပဲဆိုပြီး ခွင့်လွှတ်​ပေးပြီးပြန်တွဲဖြစ်တာပဲ။ ​နောက်​တော့တဖြည်းဖြည်းနဲ့အရမ်းလွန်လာတယ်။ တ​နေ့ ကျွန်မရဲ့ငယ်သူငယ်ချင်းတစ်​ယောက်နဲ့စကား​ပြော​နေတာ​တွေ့သွားပြီးကျွန်မကိုပြဿနာရှာပါတယ်။ ကျွန်မလည်းသည်းမခံနိုင်​တော့တာနဲ့ပြတ်မယ်လို့​ပြောလိုက်မိတယ်။ အဲ့ဒါသူ့ကိုအဲ့လို​ပြောရမလားဆိုပြီး ကျွန်မကိုခါးပတ်နဲ့စိတ်ရှိလက်ရှိရိုက်ပါတယ်။ ​နောက်ပြီး​ရိုက်ရတာနဲ့မတင်းတိမ်​တော့ပဲရေချိုးကန်ထဲပါ​ခေါင်းနှစ်တဲ့အထိလုပ်ခဲ့ပါတယ်...ဟင့်..ဟင့်..ဟင့်"

Born To Love You (✔)Where stories live. Discover now