Chapter 22: First Step Toward Love

1.8K 247 22
                                    

မ​နေ့ကအထိ​သေမလိုမျက်နှာ​​ပေးနဲ့သ​ကောင့်သားကဒီ​နေ့​တော့အရင်​နေ့​တွေနဲ့မတူသွား​တွေအ​အေးပတ်မတက်ပြုံးဖြီး​နေတာမြင်​တော့ ​ဆောင်းဘင်းနဲ့မင်ဟာအမြင်ကပ်ချင်လာသည်။ ​ဂျောင်ကုက​တော့အဲ့ဒါ​တွေဘာမှမသိ သူ့ဖုန်း screen ကိုသာမျက်လုံးမလွှဲနိုင်​အောင်ဖြစ်​နေသည်။

"ဘာလို့ငါပို့ထားတဲ့စာ​တွေတစ်ခုမှဖွင့်မဖတ်​သေးတာလဲ... မအားလို့များလား"

"မင်းဒီ​နေ့စာလုပ်ဖြစ်ဦးမှာလား"

"​အေ့​လေ.. အရင်​နေ့​တွေတုန်းကစိတ်ညစ်လို့ဆိုပြီးစာမလုပ်ဘူး။ အခုစိတ်​ပျော်​နေ​တော့လည်းစာလုပ်ဖို့စိတ်မပါပြန်ဘူး။ ဂျွန်​ဂျောင်ကုအတွက်စာလုပ်တယ်မလုပ်ဘူးဆိုတာ mood နဲ့မဆိုင်ဘူး..ဒီအတိုင်းမလုပ်ချင်လို့မလုပ်တာပဲ"

ပွစိပွစိ​ပြော​နေတဲ့​ဆောင်းဘင်းနဲ့မင်ဟာကိုဘာမှပြန်လည်​ချေပခြင်းမပြုပဲသွားကြီးစိပြီးသာပြုံးပြ​နေတဲ့​ဂျောင်ကုကိုကြည့်ပြီးသူတို့နှစ်​ယောက်​ခေါင်းသာပြိုင်တူခါလိုက်မိ​တော့သည်။

"​ဟော! စာပြန်ပို့ပြီ"

"ဘာတဲ့လဲ"

"အင်း တဲ့... ငါ A4 နှစ်မျက်နှာ​လောက်ပို့လိုက်တာကိုသူကငါ့ကို 'အင်း' တစ်လုံးတည်းပြန်ပို့တယ်"

"ငါသာ​ရှေ့​နေကင်​နေရာမှာဆိုရင်မင်းကို​ပေးခဲ့တဲ့အ​ဖြေကိုချက်ချင်းပြန်ရုတ်သိမ်းတယ် သိလား"

"​အေ့​လေ"

​ဆောင်းဘင်းနဲ့မင်ဟာကအကွက်ရ​တုန်းသူ့ကိုဖိနှိပ်​နေမှန်းသိ​ပေမယ့် သူကလည်းဒီ​နေ့စိတ်​ကောင်းဝင်​နေ​တော့စိတ်မဆိုးနိုင်ဖြစ်​နေသည်။

"နည်းနည်း​တော့ အိုဗာ ဖြစ်သွားတယ်​နော်"

"နည်းနည်းမဟုတ်ဘူး​ဟေ့...အများကြီးကိုအိုဗာဖြစ်သွားတာ။ တကယ်ပဲ လွန်ကိုလွန်တယ်"

"လွမ်း​နေတာကို.. ဘယ်တတ်နိုင်မှာလဲ။ အသံ​လေးကြားချင်လို့ဖုန်းဆက်ချင်​ပေမယ့်အလုပ်ချိန်ဖုန်းမဆက်ရဘူးဆိုလို့"

Born To Love You (✔)Where stories live. Discover now