Chapter 7: Puzzle

2K 282 8
                                    

သူ့ကိုယ်သူမျက်မြင်သက်​သေပါလို့​ပြောလာတဲ့​ကောင်​လေးကို​​ဆော့ဂျင်​သေချာကြည့်လိုက်သည်။ ​ဆံပင်ကိုအနီ​ရောင်တောက်​တောက်ဆိုးထားတဲ့ထို​ကောင်​လေးကသာမန်အထက်တန်း​ကျောင်းသားတစ်​ယောက်​တော့မဖြစ်နိုင်။ ထူးခြားသည်က​ကောင်​လေးရဲ့မျက်နှာအမူ အရာ...ထို​ကောင်​လေးရဲ့မျက်နှာ၊အကြည့်တို့ကအံ့ဩစရာ​ကောင်း​လောက်​အောင်တည်ငြိမ်​နေသည်။

"မျက်မြင်သက်​သေဟုတ်လား"

"ဟုတ်ပါတယ်"

"​နေပါဦး..မျက်မြင်သက်​သေဆိုရင်အစကတည်းကဘာလို့မ​ပြောဘဲအခုမှလာ​ပြောရတာလဲ"

​ဆော့ဂျင်ရဲ့အ​မေး​ကြောင့်ထို​ကောင်​​လေးကအ​ပေါ်နှုတ်ခမ်းကို​ကွေးရုံ​လေး​ပြုံးသည်။

"အဲ့တုန်းကလူ​တွေအများကြီးဝိုင်းအုံ​နေတာကိုး။ ပြီး​တော့ ကျွန်​တော်ကဒီလိုကိစ္စ​တွေမှာဝင်ပါလို့မဖြစ်တဲ့သူတစ်​ယောက်"

"ဝင်ပါလို့မဖြစ်တဲ့သူ ဟုတ်လား?"

"အဟက်! ရယ်ရတယ်။ ​တောင်ကိုရီးယားမှာ ကျွန်​တော့်ကိုမသိတဲ့သူရှိ​နေ​သေးတာပဲ။ မဟုတ်မှလွဲ​ရော ခင်ဗျားက ​မြောက်ကိုရီးယားကစပိုင်လား"

​ကောင်​လေးရဲ့စကား​ကြောင့်စိတ်ဆိုးမိ​ပေမယ့် ဘာမှ​ပြောမ​နေ​တော့ပဲ​​ဘေးက​ဂျောင်ကုကိုအကူအညီ​​တောင်းတဲ့အကြည့်နဲ့ကြည့်လိုက်တော့..

"သူက အခုတ​လောအရမ်းနာမည်ကြီး​နေတဲ့ idolအဖွဲ့ Hero ရဲ့​ခေါင်း​ဆောင် Sky တဲ့"

​ဂျောင်ကုကအလိုက်တသိဝင်ရှင်းပြမှ​ ဆော့ဂျင်ဇာတ်ရည်လည်​တော့သည်။ တလက်စတည်းအဲ့ဒါ​ကြောင့်သူ့ပုံစံကအများနဲ့မတူဘဲတစ်မူထူး​နေတာကိုးလို့ ​ဆော့ဂျင်​ကောက်ချက်ချမိသည်။

"​ဆောရီး..ငါ tv မကြည့်ဖြစ်လို့"

"ရပါတယ်.. အခုသိသွားပြီမှတ်လား"

"အဲ့ဒါဆိုအမှုကိစ္စဆက်​ပြောရ​အောင်..အဲ့ဒီ့​နေ့ကမင်းဘာမြင်ခဲ့လဲ"

"PE အချိန်မတိုင်ခင်က ကျွန်​တော်​နေသိပ်မ​ကောင်းတာနဲ့ ဒီအထပ်က​ကျောင်း​ဆေးခန်းမှာအနားယူ​နေခဲ့တယ်။ နည်းနည်းသက်သာလာလို့ ​ဆေးခန်းထဲကထွက်လာတဲ့အချိန်မှာ ​လှေကားထိပ်မှာရပ်​နေတဲ့ အွန်းချယ်ရီကို​တွေ့လိုက်တယ်။ သိပ်မကြာခင်မှာဘဲ အွန်းချယ်ရီ ​လှေကား​ပေါ်က​နေခုန်ချသွားတာ​တွေ့လိုက်တယ်"

Born To Love You (✔)Where stories live. Discover now