🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

2.3K 84 1
                                    

               🌷 အပိုင်း - ၂ 🌷

ဆယ့်သုံးနှစ်ကြာပီးသောအခါ....
သီရိသိင်္ဂဟတိုင်းပြည်.... စစ်သုံးဆင်စခန်း...

" ဝေး......!! "

" အရှင့်.... အရှင့်သား သတိထား။"

ရာဇသံရ ဆင်ပေါ်မှ ပြုတ်ကျမလို ဖြစ်သွားသည့် အရှင့်သားကြောင့် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရကာ စိုးရိမ်တကြီး လှမ်းအော်မိသည်။ သို့သော် သူ သာ စိုးရိမ် နေတာ အရှင့်သားကတော့ လက်တစ်ဖက်က ချွန်းကို မလွတ်တမ်းဆုပ်ကိုင်၍ ဆင်ပေါ် အကျအန နေရာပြန်ယူရင်း မုန်ယိုနေသည့် ဆင်ကြီးကို ယဉ်ပါး ကျူံးသွင်းနိုင်ရန် ချွေးသံတရွှဲရွှဲ ကြိုးစားနေ၏။

"ကျီ !!!!"

နောက်ဆုံးတော့ သူ့အရှင်သည် မုန်ယိုနေသော ဆင်ကြီးကို ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပီ ဖြစ်သည်။ အားပေးသူ တစ်ယောက်မရှိ ၊ စိုးရိမ် ပူပန်သူက တကွင်းလုံး သူမှလွဲပီး ဆင်ထိန်းတွေကလွဲ မရှိကြ။ ဒီနေရာမှာ မိဖုရားခေါင်ကြီး နန္ဒီ ၏ သားတော်တွေ ဖြစ်သည့် အိမ်ရှေ့စံ နန္ဒရ(သားတော် တစ်)၊ ကပိလ (သားတော် နှစ်) တို့ထဲက တစ်ယောက်ယောက်သာဆို ဂုဏ်ပြုသံတွေက တသောသော ဖြစ်နေမှာ ကျိန်းသေသည်။

မဟာသံ အမည်ဖြင့် ချီးမြင့်မြှောက်စားခံရပေမယ့် အကုန်လုံးက မင်းသား ၉ မို့ န၀မင်းသား ဟုသာ နှုတ်ကျိုးစွာ ခေါ်ကြသလို အရှင့်သားကလဲ ခွင့်ပြုထားသည်။ ထို့ကြောင့် မဟာသံ ဟူသော အမည်ကို ကြားလျှင် သိသူက သိပ်မရှိ။ နယ်စပ်မှာလဲ အတော်ကြာ ဒုက္ခ ခံ ခဲ့ရပီး အရှင့်သား အသက် နှစ်ဆယ်ပြည့်မှ နန်းတော်ဆီ ပြန်ဆင့်ခေါ်ခြင်း ခံရသည်။

ဆင်ပေါ်က ဆင်းလာသည့် မင်းသား ၉ ပုံစံက ချွေးတို့ ရွှဲနစ်နေကာ အပေါ်ပိုင်း ဗလာကျင်းနေသည့် ကျစ်လစ်သန်မာ ဖုထစ်နေသော ကိုယ်ခန္ဓာကြီးနဲ့ လိုက်ဖက်စွာ လက်မောင်းအိုးကြီးတွေကအစ တောင့်တင်းလွန်း၏။

" ရာဇသံရ.... ဒီဆင်ကို ငါကိုယ်တိုင်ပဲ လေ့ကျင့်ပေးမယ်။ ဒီတစ်ခါ စစ်တိုက်ထွက်ရင် ငါ သူ့ ကို သုံးမယ်။"

အရှေ့ မှ ထွက်သွားသည့် အရှင့်သားနောက်မှ လိုက်လာရင်း လက်ထဲက အနက်ရောင်၀တ်ရုံရှည်ကြီးကို အပေါ်မှ ခြုံပေးလိုက်သည်။ အရေးပေးမခံရသည့် မျက်နှာမွဲ မင်းသားမို့ တိုက်ဆင်တစ်ကောင်တောင် လက်ဆောင် ပေးမည့် သူမရှိသလို ဒီဆင်ဟာလဲ အရှင့်သားကိုယ်တိုင် တောထဲမှ ဖမ်းလာခဲ့ခြင်းသာ။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now