🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

1.3K 65 1
                                    


               🌷 အပိုင်း - ၄ 🌷

အိပ်ယာထက်တွင် မှောက်ခုံမှောက်ထားရင်းမှ တဟင်းဟင်း ညီးညူနေသည့် အရှင့်သားကို ကြည့်ကာ သူ သမားတော်ပေးသည့် ဆေးကို ကမန်းကတန်း ဖျော်ရင်း မျက်ရည်ပင် ကျမိသည်။ ကျောပြင်တစ်ခုလုံး အသားနီလန်ရုံမက စုတ်ပြတ်သတ်ကုန်သည်အထိ အရှိုးရာတွေက အပြည့်။ ပက်လက်ပင် လှန်မအိပ်နိုင်၍ မှောက်ခုံမှောက်အိပ်နေရသည့် အနေအထားမှာ အရှင့်သားအတွက် ဖခင်က ပို့ပေးခဲ့သည်က ဆေးဗူးတစ်ဗူးသာ ရံရွေတော်တစ်ယောက်နှင့်  ဖြစ်သလို ထည့်ပေးခဲ့သည်။

" အရှင့်သား....အရှင့်သား ဆေးလူးပေးမယ်နော်။ စပ်လိမ့်မယ်။"

ရာဇသံရ အပြောကို သူ ပြန်မတုံ့ပြန်ပေမယ့် ကျောပြင်က အနာရှိန်တွေကြောင့် တစ်ကိုယ်လုံး ခြစ်ခြစ်တောက်ပူနေတဲ့ အပူရှိန်အပြင် နှလုံးသားတစ်ခုလုံး ဒဏ်ရာ က အပြည့်။

" အားးးးးးးးး!!!"

ကျောတပြင်လုံး ရစရာမရှိအောင်ကို စုတ်ပြတ်နေတာမို့ ဆေးလူးသည့် အချိန်မှာ နန်းဆောင်အတွင်း အသံနက်ကြီးက ဟိန်းထွက်သွားရသည်။

" အို! "

နန်းဆောင်ထဲ ၀င်လာသည့် အာရတီ မှာ ကြားလိုက်ရသည့် နာနာကြင်ကြင် အသံကြောင့် ခြေလှမ်းလေးက တုံ့ခနဲပင်။ သူ သူသိပ်ကို နာကြင်နေရှာတယ် ထင်ပါရဲ့။

" ဘာကိစ္စလဲ.... "

နန်းဆောင်စောင့် ရဲမက်၏ အသံကြောင့် ရာဇသံရ အရှင့်သားကို ဆေးလူးပေးနေရာမှ ထွက်လာခဲ့လိုက်သည်။

အတိုင်ပင်ခံအမတ် မဟာဓိ ၏ သမီးဖြစ်သူ အာရတီကို တွေ့လိုက်ရသဖြင့် ရာဇသံရ ရဲမက်ကို လက်ကာပြလိုက်ရင်း....

" အာရတီပါလား.... ကိစ္စအထူးအထွေ ရှိလို့လား။"

" မင်းသားမဟာ သတင်းကြားလို့ပါ ။ သူ.. သူ့ ဒဏ်ရာက အရမ်းများလားဟင်။"

" လာပါ..... အဆောင်ထဲ ၀င်ပါ အာရတီ။"

" ဖြစ်ပါ့မလား။"

ကြောက်ကြောက်လန့်လန့် မေးလာသည့် အာရတီ့ အမေးကြောင့် ရာဇသံရ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ အရှင့်သားက ကင်းကင်းရှင်းရှင်း နေသလို အရှင့်သားရင်ထဲမှာလဲ မြတ်နိုးသူက ရှိပီးသား မဟုတ်လား။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now