🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

855 49 0
                                    


             🌷 အပိုင်း - ၁၅ 🌷

အစော နန်းဆောင်၏ ဥယျာဉ်ထဲတွင် မယ်ဇီ နဲ့အတူ လမ်းလျှောက်ကာ ဥယျာဉ်ဖြစ်ပီး ပန်းပင်လုံး၀ မရှိခြင်းကို အံ့ဩနေမိသည်။ မြေမကောင်း၍ပဲ စိုက်မရတာလားတော့ မသိပေမယ့် ပန်းအိုးလေးတွေဖြင့် စိုက်လျှင်တောင် ရသည် မဟုတ်လား။ န၀ကတော့ မနက်စောစော စစ်ရေးလေ့ကျင့်စရာရှိသည်ဆိုပီး ရာဇသံရ နဲ့ အတူ ထွက်သွားပီမို့ အစော လွတ်လပ်နေတာ အမှန်ပင်။ မဟုတ်ရင် သူ့ မျက်စိအောက်က အပျောက်မခံပဲ အစောက ထွက်ပြေးတော့မလို စောင့်ကြည့်နေတတ်တာမို့ နေရထိုင်ရ အင်မတန်ကြပ်သည်။

" စောကေသာ.... ။"

ခေါ်သံကြောင့် လှည့်ကြည့် လိုက်မိတော့ တနေ့က အစောတို့ သွားပီး ဂါရဝြပုခဲ့ရသည့် မိဖုရားခေါင်ကြီး ဖြစ်နေတာမို့ အစော အံ့ဩသွားရသည်။ အစော အရိုအသေပြုလိုက်ရင်းမှ...

" သူ မရှိပါဘူး ။ လေ့ကျင့်ရေးကွင်းသွားပါတယ်။"

" ဖြောင်း! "

ရုတ်တရတ် ထူပူသွားသည့် ပါးတစ်ဖက်ကြောင့် အစော အံ့အားသင့်သွားလို ဒေါသလဲထွက်သွားတာမို့ ခပ်စူးစူးပြန်ကြည့်လိုက်မိသည်။ ရာရာစစ အစောရဲ့ပါးကို အခြွေအရံတစ်ယောက်က ရိုက်သည်တဲ့လား။

" မိဖုရားခေါင်ကြီးကို မယ်မယ်လို့ခေါ်ရတာ နားမလည်ဘူးလား ။ စကားပြောရင် ကျွန်မလို့ တရိုတသေ ထည့်ပြောရမယ်။"

" ကြားတယ်မဟုတ်လား စောကေသာ။ သီရိသိင်္ဂဟ နန်းတွင်းက စည်းကမ်းအရမ်းကြီးတယ်။ နောက်ဆို ဆင်ခြင်ပါ။"

အစော လက်သီးကို ကျစ်နေအောင်ဆုပ်ထားမိရင်းမှ ဒေါသရှိန်ကြောင့် ဝဲတက်လာသည့် မျက်ရည်စတို့ကို မျက်တောင်ဖျားဖြင့် ပုတ်ထုတ်ပစ်လိုက်၏။ ကိုယ့်အခြေအနေက သုံ့ပန်းကိုး။

" ကျွန်မ နားလည်ပါပီ မယ်မယ်။ နောက်ဆို မဖြစ်စေရပါဘူး။"

မိဖုရားခေါင်ကြီးနန္ဒီ ခပ်မဲ့မဲ့ ပြုံးလိုက်မိရင်းမှ စောကေသာကို ခြေဆုံးခေါင်းဆုံး အကဲခတ်နေမိသည်။ လှတာတော့ နတ်သမီး တမျှကို လှသည်မို့ ကိုယ့်သားရော န၀ပါ အရူးအမူး ဖြစ်နေပုံပင်။ ကိုယ့်သားကို ငြင်းဆန်ရုံမက စော်ကားပြောဆိုခဲ့တာလဲ ခုထိ မကျေနပ်နိုင်သေး။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now