🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

759 42 0
                                    


             🌷 အပိုင်း - ၂၁ 🌷

ပထမဦးဆုံးတိုက်ပွဲတွင် အနိုင်ရလိုက်သောကြောင့် မုစလိန္ဒစစ်သည်တို့ စိတ်အားတက်ကြွနေကြကာ ရဲသွေးရဲမာန်တို့က အပြည့်ဖြစ်နေသည်။ သီရိသိင်္ဂဟတပ်တွေ မချီလာခင်ထဲက စစ်သူကြီးစပ်ခွန်မှိုင်း ဦးဆောင်ကာ ကတုတ်ကျင်း ၊ ထောင်ချောက် စသည်ဖြင့် များစွာပြင်ဆင်ထားခဲ့သည်မို့ ခံသာခြင်းလဲ ဖြစ်နေသည်။ ပြည်သူတွေနဲ့ အိမ်ရှေ့စံ အန္တရာယ်ကင်းကင်း လွတ်ဖို့ဆိုတာ သူတို့အပေါ်မူတည်နေသည် မဟုတ်လား။

စပ်ခွန်မှိုင်း ခံတပ်ကို လိုက်စစ်ဆေးရင်း လျှို့ဝှက်ထောင်ချောက်တွေကို ပြန်ပြင်ဆင်နေတာ လိုက်ကြည့်နေရသည်။ ကိုယ်က ပွဲဦးထွက် အနိုင်နဲ့ ရင်ဆိုင်နိုင်တာလဲ ဒီပြင်ဆင်ထားမှူတွေကြောင့်ပင်။ မဟုတ်ရင်... ခုချိန် အခြေအနေက မလွယ်လောက်။

" စစ်သူကြီး.... တပ်သားတွေ အဆင်သင့်ဖြစ်နေပါပြီ။"

" တိုက်ပွဲပြန်မ၀င်နိုင်အောင် ဒဏ်ရာရတဲ့လူ ဘယ်နှစ်ယောက်ရှိလဲ။"

" နှစ်ထောင်ကျော်ပါတယ်။ ဒါပေမဲ့ သီရိသိင်္ဂဟတပ်ဘက်မှာ သောင်းကျော်တယ်တဲ့ ။ "

န၀.... န၀မင်းသား ပါနေလျက်နဲ့ ဒီလောက်ထိ လွယ်လွယ်ကူကူအနိုင်ရတာမျိုးက အနည်းငယ် ထူးဆန်းနေသည်။ ပြီးတော့ မနက်ကတိုက်ပွဲမှာ သူ န၀မင်းသားကို မမြင်မိ။ ထူးဆန်းတာတော့ ထူးဆန်းနေသည်။

" သီရိသိင်္ဂဟ ရဲ့ စစ်ဦးစီးဘယ်သူလဲ ရဲမတ်။"

" ကြားတာတော့ သီရိသိင်္ဂဟ အိမ်ရှေ့စံလို့ ကြားပါတယ်။"

အိမ်ရှေ့စံနန္ဒရ က စစ်ဦးစီးတဲ့လား။ ဒါဆို ဒီအခြေအနေက သူတို့အတွက် အခွင့်အရေးဖြစ်နိုင်သည်။ ကြည့်ရတာ နတ်ရွာစံမုစလိန္ဒအရှင်၏ ဝိဥာဉ်က မုစလိန္ဒတိုင်းပြည်ထူထောင်ဖို့ ကူညီပေးနေသည် ထင်ပါရဲ့။
-----------------
" ဒါ မတိုက်သင့်သေးတဲ့ အချိန်ပါ ။ တစ်ဖက်က ထောင်ချောက်တွေထဲ ကျုပ်တို့ရဲမက်တွေကို အသေခံခိုင်းသလို ဖြစ်နေမှာပေါ့။"

" တိတ်စမ်း န၀။ ငါတို့ စစ်အင်အားက အဲ့ထောင်ချောက်ထဲ ရဲမက်တွေအလောင်းအပြည့်ဖြည့်ပြီး ဖြတ်သွားလို့ရတဲ့ အင်အားပဲ။ အချိန်ကုန်မခံနိုင်ဘူး။ ဒီညနေ မင်း ဦးစီးပြီး စခန်းကို ရအောင်သိမ်းပါ။"

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now