🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

895 45 0
                                    


             🌷 အပိုင်း - ၁၄ 🌷

အာရတီ ငွေဖလားထဲမှ သဇင်ပန်းကုံးကို သဘောကျစွာ ကြည့်ရင်း နန်းတော်ထဲ ၀င်လာခဲ့ခြင်းမှာ ခြေလှမ်းတို့က အပြေးတပိုင်းပင်။ စစ်ချီသွားတဲ့ မောင်တော်န၀ နဲ့ ရာဇသံရ တို့ ညီလာခံထဲပင် ရောက်နေပီဆိုတာ သိသိချင်း ထွက်လာခဲ့ခြင်းပင်။ စစ်အောင်မယ်ဆိုတာတော့ ပြောစရာမလိုအောင်ကို သိပီးသားမို့ အာရတီ ပြုံးမိသည်။

မင်းသား၏ နန်းဆောင်သို့သာ တန်းထွက်လာခဲ့ရင်းမှ မျက်နှာကိုလဲ လွမ်းဆွတ်ခဲ့သမျှ အတိုးချ၍ မြင်တွေ့ချင်သည်။ နန်းဆောင်၀ကနေ စောင့်ကြိုကာ ညီလာခံ မှ ပြန်လာသည့် မောင်တော့်ကို ဆီးကြို၍ အောင်ပန်းကို စွပ်မိချင်သည်။

" ဟင်! "

နန်းဆောင်ဝရောက်သည်ဆိုလျှင်ပဲ နန်းဆောင်၏ ဧည့်ခန်းတွင် ထိုင်နေတဲ့ မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရသဖြင့် အာရတီ့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်တန့်သွားရသည်။ ဘေးတစောင်း မြင်နေရတာတောင် အတော်လေးကို လှပသည့် မိန်းကလေး။

" ဘယ်သူလဲ! ဒီမှာ ဘာလုပ်နေတာလဲ။"

ကြားလိုက်ရတဲ့ ခပ်မာမာ အသံကြောင့် အစော လှည့်ကြည့် လိုက်မိသည်။ မိန်းမပျိုတစ်ဦး ဖြစ်ပီး အစောကို နှစ်သက်ဟန်မပေါ်သည့် အကြည့်တို့ဖြင့် စူးစမ်းနေကာ လက်ထဲမှာ ကိုင်ထားသည့် အောင်ပွဲကြိုငွေဖလား။ အစော ပြန်ဖြေချင်စိတ်မရှိတာမို့ တစ်ဖက်သို့သာ လှည့်၍ ထိုင်မြဲအတိုင်း ထိုင်နေမိသည်။ သူ့ ပြဿနာ တွေကို လိုက်ဖြေရှင်းဖို့ မပြောနဲ့ ကိုယ့်ဘာသာကိုယ်တောင် အနိုင်နိုင် ရပ်တည်နေရတဲ့ အခြေအနေ မဟုတ်လား၊

" မေးနေတယ်လေ.... ရှင် ဘယ်သူလဲ။"

" အဲဒါ ငါ့ကြင်ယာတော်။"

တိုတောင်းပြတ်သားသည့် အသံနဲ့အတူ နန်းဆောင်ထဲ ၀င်လာသည့် န၀။

" ဟင်! မောင်.... မောင်တော် ဘာပြောလိုက်တယ်။"

" မကြားလို့ ပြန်မေးနေတာလား။ အစော.. ဘာထိုင်လုပ်နေတာလဲ အနားမယူပဲ။ "

န၀ ခုထိ သူထားခဲ့တဲ့အတိုင်းလေး ထိုင်နေတဲ့ အစောကြောင့် ပြောပြောဆိုဆို အနားတိုးကပ်လိုက်ရင်းမှ လက်မောင်းမှ အသာဆွဲထူလိုက်ပုံကအစ ညင်သာနူးညံ့မှူအပြည့်။ စပ်ခွန်မှိုင်း ချောက်ထဲပြုတ်ကျတာ မြင်ပီး သတိလစ်သွားကာ သတိပြန်ရထဲက အရင်လိုမျိုး သူ့ကို ဒေါသကြီး ရန်တွေ့တာပင် မရှိတော့ပဲ သက်မဲ့ပန်းပုရုပ်လေး တစ်ရုပ်ပမာ အေးစက်သွားသည်။ မျက်၀န်းတွေကလဲ အမြဲတမ်း တစ်နေရာထဲကိုသာ စူးစိုက်ကြည့်လျက် ငေးမောကာ မျက်ရည်ဝဲနေတတ်တာမို့ သူ ဘယ်လိုမှ မမြင်ရက် မကြည့်ရက်နိုင်။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now