အချစ်ဖြင့် လွမ်းစေ

862 39 1
                                    

Part - 37

အစော တအံတသြ ဖြင့် ယိုင်ကျသွားသည့် လူအားငေးကြည့်နေဆဲမှာပင် သွေးအလိမ်းလိမ်းဖြင့် နာနာကြည်းကြည်း အပြုံးကို မြင်လိုက်ရတာမို့ ဟင်ခနဲ ဖြစ်သွားရသည်။ ဖျတ်ခနဲ ဆောင့်တွန်းခံလိုက်ရသည့်သကာလ အသည်းထဲ အေးခနဲ ဖြစ်သွားကာ သိလိုက်သည်က....

" မလုပ်နဲ့.......အစော.."

မြင်းဖြင့် ဒုန်းစိုင်းပြေးလာရာမှ မြင်း ပေါ် ကနေ အစော ကျသွားရာ ချောက်ကမ်းပါးဆီ ခုန်ချပစ်ရင်း မိမိရရ လက်တစ်ဖက်ကို လှမ်းဆွဲမိသည်။ အသည်းထဲ အေးခနဲ ဖြစ်သွားရရင်း အစောကို မရမက ဖက်ထားရင်းပင် မျက်စိစုံမှိတ်လျက်မှ......

" ကိုယ့် ကို ထားခဲ့ဖို့ မကြိုးစားနဲ့ ။ "

ပဒက်ထရပ်ကာ အဆက်မပြတ်ဟီနေသည့် ဗန္ဒူ။ အရှင့်သား ခုန်ဆင်းချသွားတာ မြင်ထဲက ပြေးလာသလို ဗန္ဒူ ကလဲ သခင်ချစ်မြင်းလိမ္မာပီပီ ဇက်ကြိုးနဲ့ အရှင့်သား ခါးတွင် ပတ်ချည်ထားတဲ့ ကြိုးဒဏ်ကို တောင့်ခံရင်း အနားက သစ်ပင်နှင့် ကွယ်ကာ တောင့်ထားတာ မြင်းဇက်တွင်ပင် သွေးအလိမ်းလိမ်း။

ရာဇသံရ ကြိုးစအား ကမန်းကတန်း ဆွဲရင်း အနားက ရဲမတ်တွေပါ ကူဆွဲကြသည်မို့ ပါလာသည့် အရှင့်သားဟာ မေ့မျောနေသော သခင်မလေးကို တင်းတင်းဖက်လျက်သား။ ချောက်ထဲကို လိုက်ခုန်ဆင်းချသွားတာ တွန့်ဆုတ်ခြင်းတစ်စက်မရှိ။

ဤမျှအထိ ချစ်ပါသလား အရှင့်သား။

နဝဧကရာဇ် ကမ်းပါး ပေါ် ပြန်ရောက်သည်နှင့် သတိလစ်နေသော အစောအား ပွေ့ချီကာ ကမန်းကတန်း တောင်စောင်း ပေါ် မှ ဆင်းလာမိသည်။ အစော သာ တစ်ခုခု ဖြစ်လျှင် သူ အသက်ဆက်ရှင်နိုင်မှာ မဟုတ်။

" အစော.....အစော... သမားတော် သမားတော် မြန်မြန်လာစမ်း။ "

သူ့အော်သံကြောင့် ပြေးလာသည့် သမားတော်ဟာ ထိတ်ထိတ်လန့်လန့်။ ရာဇသံရ ကတော့ သူ့လှံချက်ကြောင့် အသက်ကင်းမဲ့နေသော ငမန်းစော၏ ကိုယ်ခန္ဓာကို မီးပုံရှို့ပစ်ကာ စစ်တလင်းကို ရှင်းလင်းနေပြီးသား။

" မိဖုရားခေါင်ကြီးက ကြောက်လန့်ပြီး မေ့မျောသွားရုံပါ အရှင်မင်းကြီး ။ မင်းညွန့်လျာလဲ အန္တရာယ်ကင်းပါတယ်။ "

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now