🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

829 44 0
                                    


🌷 အပိုင်း - 16 🌷

အစော မိဖုရားခေါင်ကြီးလွှတ်လိုက်သည်ဆိုသော အထိန်းတော်ကို ကြည့်ကာ သေချာ အကဲခတ်လိုက်မိသည်။ သီရိသိင်္ဂဟ ရဲ့ နန်းတွင်းစည်းမျဉ်းစည်းကမ်းတွေ သင်ကြားပေးရန် လွှတ်ပေးလိုက်သည်ဆိုပေမယ့် အစော သေချာသိသည်က အစောကို စောင့်ကြည့်ဖို့ပဲ ဖြစ်လိမ့်မည်။

" အစော နန်းတွင်းစည်းမျဉ်းစည်းကမ်းတွေ သိပီးသားပါ။"

" သီရိသိင်္ဂဟ နဲ့ မုစလိန္ဒ နန်းတွင်းစည်းကမ်းက မတူညီတာတွေများပါတယ် ကြင်ယာတော်။ မိဖုရားခေါင်ကြီးက သေချာမှာလိုက်တာပါ။ န၀မင်းသားလဲ သိပီးသားနေမှာပါ။"

န၀ သက်ပြင်းချလိုက်ရင်းမှ အစောကို ကြည့်မိတော့လဲ မျက်နှာလေးက သုန်မှုန်နေသည်မို့ သူ ဘာပြောရမှန်းကို မသိ။ မင်းသားတွေနဲ့ လက်ဆက်ပီးတဲ့ ကြင်ယာတော်မှန်သမျှ စည်းကမ်းသင်ရတာလဲ ဓလေ့မို့ သူ ငြင်းဆန်လို့ မရနိုင်။ ဒါပေမဲ့ အစော ကို မိဖုရားခေါင်ကြီးလက်အပ်ရမှာလဲ စိတ်မချရမှန်း သူ သိသည်။

သူ ဘာလုပ်ရမှန်း မသိ တွေဝေနေစဉ်မှာပဲ...

" ဘယ်လောက်ကြာအောင် သင်ရမှာလဲ။"

" ကြင်ယာတော် သာ အကုန်နားလည်သွားပီဆို နေ့တ၀က်နဲ့လဲ ပီးပါတယ်။"

" ကောင်းပီလေ..... သင်ကြတာပေါ့။"

" အစော... ။"

" ရှင် ညီလာခံ ရှိသေးတယ် မဟုတ်လား။ ဘာလုပ်နေတာလဲ သွားတော့လေ။"

အစော၏ ပြောစကားအဆုံး အစော အရှေ့ တွင် လာပိတ်ရပ်သည့် စည်းကမ်းသင်မည့် အထိန်းတော်။ အစော နားမလည်သလို ကြည့်လိုက်မိစဉ်မှာပဲ....

" မင်းသားကို ဘယ်လိုပဲ ဇနီးမောင်နှံ ဖြစ်ပါစေ နာမည်ခေါ်တာ ၊ ရှင် ဆိုတဲ့ နာမ်စားနဲ့ ခေါ်ပြောခွင့် မရှိပါဘူး ကြင်ယာတော် ။ တရိုတသေပဲ ပြောရပါမယ်။ အရှင် ၊ မင်းသား ၊ မောင်တော် ၊ အမောင် အဲ့လိုပဲ ခေါ်ရပါ့မယ်။"

အစော မကျေမနပ် ဖြစ်သွားရရင်းမှ အထိန်းတော်ကို မျက်စောင်းထိုးမိရင်း ခုထိ မသွားသေးပဲ ရပ်နေသည့် သူ့ကို ကြည့်ကာ...

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now