🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

1.1K 69 0
                                    


              🌷 အပိုင်း - ၇ 🌷

ဥယျာဉ်ထဲတွင် စိတ်ပြေလက်ပျောက် လမ်းလျှောက်နေရင်း အနား မလှမ်းမကမ်းမှ ပါလာသည့် မယ်ဇီ့ကို အစော တစ်ချက်လှမ်းကြည့်မိသည်။

" မယ်ဇီ.... အစော လွန်တယ်ထင်လားဟင်။"

ညီလာခံမှာတုန်းကကျ ဒေါသတကြီး ပြတ်သားစွာ ငြင်းဆန်ခဲ့ပီးမှ ခုကျ စိတ်ပူကာ စိုးရိမ်လာသည့် သခင်မလေးကြောင့် မယ်ဇီ ပြုံးမိသည်။ သခင်မလေးဟာ မုစလိန္ဒ ရဲ့ အဖိုးတန်ရတနာ။ မင်းကြီး ၏ အချစ်ဆုံးသမီးတော် ၊ အစ်ကိုတော် နှစ်ပါး၏ နှလုံးသည်းပွတ်။ ထိုအချက်တွေကြောင့်ရော နဂိုမာနကြီးသူဖြစ်တာကြောင့်ပါ စိတ်က ပြတ်သည်။

" သခင်မလေး အိမ်ရှေ့စံနန္ဒရ ကို လက်ဆက်နိုင်လို့လား။"

" အို! ဘာကိစ္စလက်ဆက်ရမှာလဲ။ "

ဟုတ်သည်လေ။ အစောက ပင်တိုင်စံမင်းသမီးပေမယ့် နန်းဆောင်ထဲ ပိတ်မိနေတဲ့ မင်းသမီး တော့ မဟုတ်။ ခမည်းတော်ကော အစ်ကိုတော်တို့ကပါ အစောစိတ်တိုင်းကျ ၊ အစောပျော်သလို အလိုလိုက်ထားကြတာမို့ အစောစကားဟာ အရေးပါသည်။ ပီးတော့ သီရိသိင်္ဂဟ ဟာ တိုင်းပြည်ကြီးမို့ အစောကြားဖူးနားဝတွေက ရှိနေသည်။ သီရိသိင်္ဂဟ ရဲ့ မင်းခေါင်ထွဋ်တင် ဘုရင်ဟာ အဘယ်မျှ အာဏာပြင်းကြောင်း ၊ မိဖုရားခေါင်ကြီးနန္ဒီ၏ ဘက်တော်သားများအကြောင်း ၊ အိမ်ရှေ့စံနန္ဒရ တို့ ညီအစ်ကို၏ ရမ်းကားမှုတို့က အစောကြားသိပီးသားပင်။ ထိုလို လူမျိုးကို အစောက လက်ဆက်စရာလား။

" သခင်မလေး ဒီနေ့ ကော စစ်သူကြီး လာမှာလား ။"

အမောင့်အကြောင်း မေးလိုက်မှ အစော သက်ပြင်းလေးချရင်း ခေါင်းကို လေးတွဲ့စွာ ခါယမ်းမိသည်။ သံအမတ်တွေ ရောက်လာတာမို့ အမောင် အလုပ်များနေမှာ အစောသိသည်။ ဘယ်လိုမှ လာနိုင်မည် မဟုတ်။

" မယ်ဇီ.... နော်ဇာကို မတွေ့ပါလား။"

နော်ဇာက ရံရွေတော်ချုပ်ဖြစ်ပီး အစောကို ငယ်ငယ်ထဲက ထိန်းလာခဲ့သည့် မိခင်တစ်ယောက်ပမာပင်။ မင်းသမီး တစ်ပါး တတ်အပ်သည့် ပညာရပ်မှန်သမျှကို နော်ဇာပဲ သင်ကြားပေးခဲ့ကာ နော်ဇာ့ကို အစောက အလေးထားကာ တရိုတသေပဲ ဆက်ဆံလေ့ရှိသည်။

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now