🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

912 44 0
                                    

     🌷 အပိုင်း - ၁၂ 🌷

ဘိုးတောင်ပ သေရည်မူးပီး အိပ်ပျော်နေတဲ့ အရှင့်ကို ကြည့်ရင်း စိတ်မချမ်းသာစွာ ခေါင်းကို ခါယမ်းလိုက်မိသည်။ အနားတွင်ထိုင်နေသည့် ရာဇသံရ ကို စိတ်မရှည်သလို ကြည့်လိုက်ရင်း...

" အဲ့ဒါကြောင့် ကျုပ် ဘာပြောလဲ ရာဇသံရ ။ မုစလိန္ဒမင်းသမီးက အရှင့် အတွက် ကျိန်စာပဲလို့ ပြောခဲ့တယ်လေ။ ခု အရှင့်ပုံစံက ဘာလဲ။  စစ်ပွဲကလဲ မျက်စိရှေ့မှာ။ ရောက်နေတာကလဲ စစ်မြေပြင်။ ဒီလို ဖြစ်ပျက်နေရင် ဒုက္ခရောက်သွားလိမ့်မယ်။ ခု စစ်သည်တွေထဲ အိမ်ရှေ့စံနန္ဒရ နဲ့ မိဖုရားခေါင်ကြီး ရဲ့ သူလျှိုတွေ ပါလာမှာ ကျိန်းသေတယ်။ နန်းတော်ကိုသာ သတင်းရောက်သွားလို့ကတော့ အရှင် ကြီးလေးတဲ့ အပြစ်ဒဏ်ကို ခံရမှာ မသိဘူးလား။"

ရာဇသံရ သက်ပြင်းချလိုက်ရင်းမှ...

" အရှင့်သား က ထက်မြက်တဲ့ လူပါ။ ပီးတော့ ကျုပ်တို့ စစ်ချီလာတာ ဘယ်သူမှ မသိတာမို့ စိတ်မပူပါနဲ့ ။ တည်းခိုဆောင် အပြင်ဘက်မှာလဲ မလိခကို စောင့်ကြည့်ခိုင်းထားတယ်။ "

" ရာဇသံရ မလုပ်နိုင်ရင် ကျုပ်လုပ်မယ်။ ဘာပဲဖြစ်ဖြစ် အရှင့်ဆီ အဲ့မိန်းမ ရောက်လာလို့ မဖြစ်ဘူး။"

" အဲ့မိန်းမတဲ့လား.... စကားကို ဆင်ခြင်ပြောပါ ဘိုးတောင်ပ။ အရှင့်သား ချစ်မြတ်နိုးရတဲ့ မင်းသမီးပဲ။ အရှင့်သားကြားရင် ဘိုးတောင်ပ ဒုက္ခ ရောက်လိမ့်မယ်။ ဒီတစ်ခါ နောက်ဆုံး ဖြစ်ပါစေ။"

စိတ်ရှုပ်ထွေးလွန်းတာမို့ ဘိုးတောင်ပ ခေါင်းကိုသာ တသွင်သွင်ယမ်းရင်း နေရာမှ ထွက်လာခဲ့ရသည်။ ယခုက မုစလိန္ဒနယ်စပ်ကို ခိုး၀င်လာရင်း တည်းခိုဆောင်တစ်ခုမှာ တည်းနေတာမို့ ပြောရလျှင် ရန်သူ့နယ်မြေပင်။ စစ်သည်တွေကတော့ တောအုပ်တစ်နေရာစီခွဲကာ ကိုယ်ယောင်ဖျောက်ခိုင်းထားသည်မို့ သူတို့ စစ်ချီလာတာကို ဘယ်သူမှ မရိပ်မိခြင်းလဲ ဖြစ်၏။
------------------
စပ်ခွန်မှိုင်း မိတ္တဗလ စကားကြောင့် မျက်မှောင်တို့ ကျူံ့သွားရရင်း စိတ်လဲ ပူပန်သွားရသည်။ တောစပ်ဘက်မှာ လူစိမ်းတချို့ တွေ့လိုက်မိသည်ဆိုတာမို့ သူ သွားကြည့်ရန် ဆုံးဖြတ်ကာ...

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now