🌲🌲🌲 အချစ် ဖြင့် လွမ်းစေ 🌲🌲🌲

759 40 0
                                    


             🌷 အပိုင်း - ၂၄ 🌷

နန်းဆောင်ရှေ့တွင် တညလုံး ဒူးထောက်နေသည့် စောကေသာ။ မင်းခေါင်ထွဋ်တင် နန်းဆောင်၀မှ ထွက်လာရင်း သက်ပြင်းချလိုက်မိကာ.....

" စောကေသာ.... အမိန့်မချခင်ထိ အနေအထိုင်ဆင်ခြင်နေသင့်တာ မဟုတ်ဘူးလား။"

" အရှင်မင်းကြီး အစောကို သိက္ခာပေးသနားစေချင်ပါတယ်။"

အစော စကားကို နားမလည်သလို မျက်ခုံးတို့ တွန့်ချိုးသွားသည့် အရှင်မင်းကြီး။

" ဘာအဓိပ္ပာယ်လဲ စောကေသာ။"

" မနေ့ညနေက အစောရေချိုးဆောင်ထဲ အိမ်ရှေ့စံအတင်းကျူးကျော်၀င်ပြီး မဖွယ်မရာတွေ ပြောဆိုသွားပါတယ်။ အစော သေဒဏ်ကျခံရမယ်ဆိုရင်တောင် န၀မင်းသားရဲ့ကြင်ယာအနေနဲ့ပဲ အစော ကံကုန်ပါရစေ။"

မင်းခေါင်ထွဋ်တင်ဘုရင် အံကို တင်းခနဲကြိတ်လိုက်မိရင်းမှ ဒေါသအရှိန်ကြောင့် မျက်နှာလဲ နီရဲတင်းမာသွားရသည်။ သားတော်ချင်းအတူတူတောင် သားတော်နန္ဒရက စိတ်ဓာတ်သိမ်ဖျဉ်းသည်။ ဒါပေမဲ့ သားတော်န၀ကို သူ အိမ်ရှေ့စံအပ်လိုက်မိလျှင် အငြိုးကြီးတဲ့သားတော်ဟာ သူ့မယ်တော်အတွက် လက်စားချေချင်စိတ်ကြောင့် သီရိသိင်္ဂဟနေပြည်တော်ထဲ သွေးချောင်းစီးကုန်မယ့်အရေးကို သူ ကြိုမြင်ကာ မျက်နှာသာ မပေးရဲခဲ့။

" ကောင်းပြီ စောကေသာ ။ ညနေ အမိန့်ချမယ်.... နန်းဆောင်ပြန်ပါ။"

မယ်ဇီ သခင်မလေးကို တွဲထူလိုက်ရင်း နန်းဆောင်ပြန်လာခဲ့ကြပေမယ့် ညနေ ချမည့် အမိန့်အတွက် ရင်မအေးနိုင် ဖြစ်နေရသည်။ မှူးမတ်တွေ အကုန်လုံးက သခင်မလေးကို သေဒဏ်ပဲ ပေးစေချင်နေကြသည် မဟုတ်လား။ ဘိုးတောင်ပ ကလဲ သေနာပတိကန္တာရ အမိန့်နဲ့ အခြားတိုင်းပြည် စေလွှတ်ထားသည်ဆိုတာမို့ သခင်မလေးကို ကာကွယ်မည့် လူဆိုတာ မရှိ။
-------------------
သီရိသိင်္ဂဟ နန်းညီလာခံ။

ညီလာခံတစ်ခုလုံး ငြိမ်သက်စွာ မင်းခေါင်ထွဋ်တင်ဘုရင် ၏ အမိန့်ကို စောင့်နေကြသည်မို့....

" ပြန်တမ်းအမတ် အမိန့်ကို ဖတ်ပြလိုက်ပါ။"

" န၀မင်းသား၏ ကြင်ယာတော် မုစလိန္ဒမင်းသမီး စောကေသာ သည်လဲ အပြစ်ရှိသည်မို့ သေဒဏ်ထိုက်သည်။ သို့သော် ခင်ပွန်းသည် ဆုံးရှုံးထားတာ မကြာသေးတာကြောင့် သက်ညှာသည့်အနေဖြင့် နန်းပြင်ထုတ်ကာ သာမန်နန်းကျကြင်ယာတော်ဘ၀နဲ့ နေရမည်။ အဆောင်အယောင် ၊ စည်းစိမ် ဘာတစ်ခုမှ အကျိုးခံစားခွင့်မရှိ။"

အချစ်ဖြင့် လွမ်းစေ( Complete) Where stories live. Discover now